ယခုနှစ်အတွက် အာဖရိကတစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ဆွတ်ခူးသွားခဲ့သည့် အတ္တလန်တာအသင်း၏ တိုက်စစ်ကစားသမား အဒီမိုလာလွတ်ခ်မန်းက နာကျင်မှုများကို ခွန်အားအဖြစ် ပြောင်းလဲနိုင်ခဲ့ ခြင်းကြောင့် အောင်မြင်မှုများကို ရရှိလာခဲ့သည်ဟု ပြောကြားခဲ့သည်။
အသက် (၂၇) နှစ်အရွယ်ရှိ နိုင်ဂျီးရီးယားလက်ရွေးစင်တိုက်စစ်ကစားသမား လွတ်ခ်မန်းသည် ၂၀၂၄ အာဖရိကတစ်နှစ်တာ အကောင်းဆုံးဘောလုံးသမားဆုကို မော်ရိုကိုနှင့် PSG နောက်ခံကစားသမား ဟာကီမီကိုကျော်ဖြတ်ကာ ရရှိခဲ့ခြင်းဖြစ်သည်။
လွတ်ခ်မန်းသည် အာဖရိကတစ်နှစ်တာအကောင်းဆုံးဆုအတွက် မိန့်ခွန်းပြောကြားခဲ့ရာတွင် သူ၏ ကစားသမားဘဝ၌ စိတ်အပျက်ရဆုံးအခြေအနေအဖြစ် ဖူလ်ဟမ်အသင်းတွင် အငှားဖြင့်လာရောက်ကစားခဲ့ချိန်ကို ပြောခဲ့သည်။
"ဝက်စ်ဟမ်းနဲ့ ကစားခဲ့တဲ့ပွဲမှာ နောက်ဆုံးမိနစ်မှာ ပယ်နယ်တီရခဲ့တယ်။ ဒီပယ်နယ်တီကို ကျွန်တော် ပါနန်ကာပုံစံကန်ခဲ့ပြီး ဂိုးသမား မိသွားတဲ့အချိန်မှာ ကျွန်တော်လုံးဝ ပြိုလဲသွားခဲ့တယ်။ ကျွန်တော် လှောင်ပြောင်မှုတွေအများကြီးကို ရရှိခဲ့ပြီး ဘောလုံးဆက်ကစားချင်စိတ်တောင် ပျောက်ခဲ့တယ်။ ဒါပေမဲ့ အတ္တလန်တာအသင်းကို ရောက်ရှိခဲ့ပြီးတဲ့နောက် ဒီအရာတွေကို ခွန်အားအဖြစ် ပြောင်းလဲနိုင်ခဲ့လို့ အောင်မြင်မှုတွေ ပြန်လည်ရရှိလာခဲ့တာပါ"ဟု လွတ်ခ်မန်းက ပြောကြားခဲ့သည်။
လွတ်ခ်မန်းသည် ယခုရာသီတွင် အတ္တလန်တာအသင်းအတွက် ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ (၁၉) ပွဲတွင် (၁၁) ဂိုး သွင်းယူထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
