Top News

■ အဲဗာတန်အသင်းကို Friedkin Group အပြီးသတ်ဝယ်ယူခဲ့ပြီး အမေရိကန်ပိုင်ဆိုင်သည့် (၁၀)သင်းမြောက် ပရီးမီးယားလိဂ်ကလပ် ဖြစ်လာ     
24htopnews | December 20, 2024 5:12 PM CST

အမေရိကန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Friedkin Group သည် အဲဗာတန်အသင်းကို အပြီးသတ်ဝယ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

    

အဲဗာတန်အသင်းသည်  ၁၈၇၈ ခုနှစ်ကတည်းက တည်ထောင်ခဲ့သည့် ကလပ်အသင်းတစ်သင်းဖြစ် ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှ တန်းမ ဆင်းဖူးသေးသည့်အသင်းအဖြစ်လည်း ရပ်တည်နေသည်။ 

သို့သော် လက်ရှိအချိန်တွင် ဘဏ္ဍာရေးပြဿနာများနှင့် ရင်ဆိုင်နေရပြီး ပြီးခဲ့သည့် ရာသီတွင် အမှတ်လျှော့ပြစ်ဒဏ်များနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ 

ထို့ကြောင့် အသင်းပိုင်ရှင် မိုရှီရီက အသင်းအား ပြန်လည်ရောင်းထုတ်ရန် စီစဉ်ခဲ့ရပြီး Friedkin Group က ဇွန်လအတွင်းတွင် ဝယ်ယူရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။ 

Friedkin Group သည် စီးရီးအေကလပ် ရိုးမားအသင်းကို ပိုင်ဆိုင်ထားသည့် အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်ပြီး အမေရိကန်ဒေါ်လာ (၆)ဘီလျံကျော် ကြွယ်ဝချမ်းသာကြောင်း သိရသည်။ 

၎င်းတို့သည် အဲဗာတန်အသင်း၏ ရှယ်ယာ (၉၉.၅%)ကို ပေါင် သန်း(၄၀၀)ဝန်းကျင်ဖြင့် ဝယ်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    

Friedkin Group သည် အဲဗာတန်အသင်းကို ဝယ်ယူနိုင်ခဲ့ခြင်းကြောင့် ပရီးမီးယားလိဂ်ကလပ်အသင်းကို ပိုင်ဆိုင်သည့် (၁၀)ဦး မြောက် အမေရိကန်စီးပွားရေးလုပ်ငန်းစုအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ 

အဲဗာတန်အသင်းသည် ယခုကဲ့သို့ အသင်းပိုင်ရှင် အပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်အတွက် ဇန်နဝါရီအပြောင်းအရွှေ့တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ဖွယ်ရှိနေသည်။ 


READ NEXT
Cancel OK