မြန်မာ-ထိုင်းနယ်စပ်၊ ဒေါနတောင် တန်း၏အမြင့်ဆုံးဖြစ်သော မုလအိတောင် တန်းနှင့် ဆံတော်ရှင် မုလအိစေတီတော်သို့ ထိုင်းခရီးသွား၊ ဘုရားဖူး အများအပြား လာရောက်ဖူးမြော်ကြည်ညိုကြသော်လည်း ပြည် တွင်းရီးသွား မရှိသလောက် နည်းပါးနေဆဲ ဖြစ် ကြောင်းသိရသည်။
ထိုင်းနိုင်ငံသား ခရီးသွားဧည့်သည် များ သည်အပတ်စဉ်ရာနှင့်ချီ၍လာရောက် အနား ယူလည်ပတ်ဘုရားဖူးကြ သော်လည်း မြန်မာ ဘုရားဖူးခရီသွားဧည့်သည်များမှာ နယ်မြေ မတည်ငြိမ်သည့် အခြေအနေနှင့် ခက်ခဲ၊ ကြမ်း တမ်း၊ ယာဉ်စီးခ စျေးမြင့်သော မြဝတီ ဒေါန တောင်ကျော်လမ်း ကြောင်းကြောင့် လာရောက်သူအလွန်နည်းပါးသည်ဟု ဆို သည်။
မုလအိတောင်ပေါ်ဓမ္မာရုံအနီး၌ စျေး ဆိုင်ရောင်းသူတစ်ဦးက“ ထိုင်းနိုင်ငံသား တွေ က သောကြာနေ့ဆိုလာကြတယ်၊ စနေ၊ တနင်္ဂနွေ အနားယူပြီး တနင်္လာနေ့မနက်မှ ပြန်ကြတယ်။ တချို့လည်း တနင်္ဂနွေ ညနေ ပြန်ဆင်းကြတာပေါ့။ သူတို့လာရင် မုလအိ စေတီခြေရင်းမှာရှိတဲ့ မုတ်ဆိုးတောင်မှာ သွားအိပ်ကြတယ်။ အနားယူကြတယ်။ တိမ် တွေဖုံးနေတဲ့ မုဆိုးတောင်ပေါ်မှာ တန့်လေး တွေနဲ့ အိပ်ကြရတဲ့အရသာကို အရမ်းနှစ် သက်ကြတယ်လို့ဆိုပါတယ်” ဟု ပြောကြား သည်။
ထိုင်းနိုင်ငံဘက်မှလာရောက်ကြသူ များ မှာ ဝေါလေမြိုင်မှ ကားစီးလုံးငှားလာကြသူများဖြစ်ပြီး အသွားအပြန် လူ ၁၁ဦး စီးလုံး ငှားကို ဘတ်ရ၀၀၀ ပေးကြရသလို မြဝတီ ဘက်မှသွားလျှင်လည်း အသွားအပြန် ဘတ် ၇၀၀၀ ပေးရသည်။ ၁၁ဦးထက်ပိုလျှင် ထပ် ဆောင်းပေးရသည်။
မြဝတီဘက်မှ အိမ်စီးကားဖြင့်သွားလျှင် စုကလိနှင့်မုလအိတောင်တက်လမ်းဆုံတွင် ရှိသော တောင်ခြေကားဂိတ်ထိသာရောက်ပြီး ဂိတ်မှ ကားစီးလုံးငှားလျှင် အသွားအပြန် ဘတ်၄၅၀၀ ပေးကြရသည်။မြဝတီဘက်မှ သွားလာကြသည့် အိမ်စီးကားလေးများအား လမ်းတစ်လျှောက်တွင်ရှိ လက်နက်ကိုင်ဂိတ် များမှာလည်း မုလအိဘုရားဖူးကားဖြစ်လျှင် စစ်ဆေးပြီး ပေးသွားလျက်ရှိသည်။
မုလအိတောင်သည် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တည်ရှိပြီး ပင် လယ်ရေမျက်နှာပြင် အထက် ၂၀၀၅ မီတာ (၆၅၇၈ ပေ) မြင့်ပြီး တောင်ထိပ်တွင် ဆံတော် ရှင် မုလအိ စေတီတော်မြတ်အား လာမည့် တပေါင်းလပြည့်နေ့တွင် ရွှေထီးတော်အသစ် တင်လှူပူဇော်သွားမည်ဖြစ်ကြောင်း သိရ သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
