လီဗာပူးလ်နည်းပြ အာနယ်ဆလော့သည် အင်္ဂလန်ထိပ်တန်းလိဂ်၌ နိုင်ပွဲ(၂၀) အမြန်ဆုံးရယူနိုင်သည့် နည်းပြအဖြစ် လွန်ခဲ့သည့် (၁၃၆)နှစ်က စံချိန်ကို လိုက်မီခဲ့ကြောင်း သိရသည်။
အာနယ်ဆလော့သည် ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင်ကစားခဲ့သော လိဂ်ဖလားကွာတားဖိုင်နယ်တွင် ဆောက်သမ်တန်အသင်းကို အနိုင်ရရှိခဲ့သည့်အတွက် (၂၄)ပွဲ ကိုင်တွယ်အပြီးတွင် နိုင်ပွဲ(၂၀) ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။
အာနယ်ဆလော့သည် လီဗာပူးလ်အသင်း၏နည်းပြအဖြစ် ဇွန်လ(၁)ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိအချိန်၌ ပြိုင်ပွဲစုံ(၂၄)ပွဲ ကိုင်တွယ်ခဲ့ပြီးဖြစ်သည်။
အဆိုပါ(၂၄)ပွဲတွင် နိုင်ပွဲ(၂၀)ရရှိခဲ့ ပြီး (၁)ပွဲသာရှုံးနိမ့်ကာ (၃)ပွဲသရေကျခဲ့သည်။
ထို့ကြောင့် အင်္ဂလန်နိုင်ငံ၏ အမြင့်ဆုံးလိဂ်ပြိုင်ပွဲ၌ နိုင်ပွဲ(၂၀)အမြန်ဆုံးရရှိသူအဖြစ် စံချိန်တင်ထားသော ဝီလျံဆူဒယ်လ်၏ စံချိန်ကို လိုက်မီခဲ့ခြင်းဖြစ်သည်။
အင်္ဂလန်နည်းပြဟောင်း ဝီလျံဆူဒယ်လ်သည် ၁၈၈၈-၈၉ ရာသီတွင် ပရက်စတန်အသင်းကို ကိုင်တွယ်ခဲ့ရာ၌ အာနယ်ဆလော့နည်းတူ (၂၄)ပွဲကိုင်တွယ်အပြီး၌ နိုင်ပွဲ(၂၀) ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အာနယ်ဆလော့သည် လီဗာပူးလ်အသင်းအတွက် အောင်မြင်မှုများစွာ ရယူပေးခဲ့သော နည်းပြ ယာဂန်ကလော့ပ်နေရာ အစားဝင်ခဲ့ရသူဖြစ်သောကြောင့် သံသယဖြင့် စောင့်ကြည့်ခံခဲ့ရသော်လည်း ယာဂန်ကလော့ပ် မရယူနိုင်ခဲ့သည့် စံချိန်မှတ်တမ်းများစွာ ရယူနိုင်ခဲ့သူဖြစ်သည်။
၎င်းသည် ပရီးမီးယားလိဂ်သို့ ရောက်ရှိလာသည့် နည်းပြသစ်များထဲ၌ နိုင်ပွဲ (၂၀)ကို အမြန်ဆုံးရယူနိုင်သည့်နည်းပြအဖြစ်သာမက အင်္ဂလန်ဘောလုံးလောက၏ သမိုင်းဝင်စံချိ်န်တစ်ခုကိုပါ လိုက်မီခဲ့ခြင်းဖြစ်သည်။
အာနယ်ဆလော့သည် လီဗာပူးလ်အသင်းတွင် နိုင်ပွဲရာခိုင်နှုန်း (၈၃.၃%)ရရှိထားခြင်းမှာလည်း လီဗာပူးလ်အသင်းကို ကိုင်တွယ်ခဲ့သော နည်းပြများထဲ၌ အမြင့်ဆုံးနှုန်းထားဖြစ်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
