Top News

အီဆက်ခ်အား ခေါ်ယူရန် ရီးယဲလ်ကို ဝေါလ်ကော့ တိုက်တွန်း
24htopnews | December 20, 2024 4:12 PM CST

အာဆင်နယ်တိုက်စစ်မှူးဟောင်း ဝေါလ်ကော့က ရီးယဲလ်အသင်းအနေဖြင့် အီဆက်ခ်လို ကစားသမားမျိုး လိုအပ်ပြီး ၎င်းအား ခေါ်ယူရန် ရီးယဲလ်အသင်းကို တိုက်တွန်းပြောကြားခဲ့သည်။

အသက် (၂၅) နှစ်အရွယ်ရှိ ဆွီဒင်တိုက်စစ်မှူး အီဆက်ခ်သည် ယခုရာသီ ပရီးမီးယားလိဂ် (၁၄)ပွဲတွင် (၇) ဂိုးသွင်းပြီး ခြေစွမ်းပြနေသည်။

နယူးကာဆယ်အသင်းသည် အသင်းနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသည့် အီဆက်ခ်အား စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေသော်လည်း အဆင်မပြေဖြစ်နေကြောင်း သိရသည်။

ဝေါလ်ကော့က အီဆက်ခ်သည် ရီးယဲလ်တိုက်စစ်ကို ပြီးပြည့်စုံစေမည့်ကစားသမားဖြစ်ကြောင်း ဆိုခဲ့ခြင်းဖြစ်သည်။

ဝေါလ်ကော့က ''အီဆက်ခ်ဟာ ကျွန်တော် မြင်ဖူးသမျှ ကစားသမားတွေထဲမှာ အွန်နရီနဲ့ အနီးစပ်ဆုံးတူတဲ့ ကစားသမားပါ။ အီဆက်ခ်နဲ့ဆိုရင် ရီးယဲလ်အသင်းက အရမ်းကောင်းသွားပါလိမ့်မယ်။ အီဆက်ခ်က ရီးယဲလ်အသင်း လိုအပ်နေတဲ့ ကစားသမားမျိုးပါပဲ။ အခုအချိန်မှာ အသင်းတိုင်းက သူ့ကိုလိုချင်မှာပါ''ဟု ပြောကြားခဲ့သည်။ 


READ NEXT
Cancel OK