Top News

ထိုင်းနိုင်ငံတွင် မြန်မာ့အရေးဆွေးနွေးပွဲပြုလုပ်နေပြီး ၂၀၂၅ ခုနှစ်၌ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပမည့်ကိစ္စရပ်ကို မြန်မာနိုင်ငံခြားရေးဝန်ကြီးကအသိပေးခဲ့ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြောကြား
24htopnews | December 20, 2024 1:12 PM CST

ထိုင်းနိုင်ငံတွင် မြန်မာ့အရေးဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၉ ရက်တွင်စတင်ပြုလုပ်နေပြီး ၂၀၂၅ ခုနှစ်၌ မြန်မာနိုင်ငံတွင်ရွေးကောက်ပွဲကျင်းပမည့်ကိစ္စရပ်ကို မြန်မာနိုင်ငံခြားရေးဝန်ကြီးကအသိပေးခဲ့ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂီယန်ပွန်ဆာက ပြောကြားသည်။

လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသော မြန်မာနိုင်ငံ၌ ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရေးအတွက် မြန်မာနိုင်ငံ၏တိုးတက်မှုအကြောင်းကို မြန်မာနိုင်ငံခြားရေးဝန်ကြီးက ဒီဇင်ဘာ ၁၉ ရက်တွင် အိမ်နီးချင်းနိုင်ငံများနှင့်ပြုလုပ်သော ဒေသဆိုုင်ရာ အစည်းအဝေးတွင် အသိပေးခဲ့သည်ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁၉ ရက်က ဘန်ကောက်မြို့တွင်ကျင်းပနေသော မြန်မာ့အရေးဆွေးနွေးပွဲအတွင်း ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂီယန်ပွန်ဆာက အထက်ပါအတိုင်းပြောကြား ခြင်းဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများက မြန်မာ့အရေးကို ကောင်းကောင်းနားလည်သည့်အတွက် ဆွေးနွေးပွဲသည်အရေးပါသည်ဟု တက်ရောက်သူများက ပြောကြားသည်ဟု ဆိုသည်။

နစကသည် မြန်မာ့အရေးကို ငြိမ်းချမ်းစွာဖြေရှင်းရန် ကြိုးပမ်းနေသောအဖွဲ့အားလုံးနှင့်ဆွေးနွေးရေးအတွက် လမ်းဖွင့်ထားသည်ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးက ပြောကြားကြောင်း မာရစ်က ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့  မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယနှင့် လာအိုနိုင်ငံတို့မှ ကိုယ်စားလှယ်များလည်းတက်ရောက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင်ဒီဇင်ဘာ ၂၀ ရက်တွင် အာဆီယံ၏ ဘုံသဘောတူညီချက်ငါးချက် အပါအဝင် မြန် မာ့အရေးနှင့်ပတ်သက်ပြီးနိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးကို ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Ref: Reuters

                  


READ NEXT
Cancel OK