၂၀၂၄ ခုနှစ်အတွင်း ကလပ်အသင်းနှင့် နိုင်ငံလက်ရွေးစင်အသင်းအတွက် ပွဲကစားရသည့်မိနစ် အများဆုံးကစားသမားအဖြစ် ဘာစီလိုနာအသင်း၏ ပြင်သစ်လက်ရွေးစင် နောက်ခံလူ ခွန်ဒဲက ရပ်တည်နေကြောင်း သိရသည်။
ယင်းစစ်တမ်းကို ဆွစ်ဇာလန်နိုင်ငံအခြေစိုက် အားကစားလေ့လာမှုနိုင်ငံတကာစင်တာ ဖြစ်သည့် CIES Football Observatory က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ လိဂ်ပြိုင်ပွဲ ၆၆ ခုမှ ပွဲကစားရသည့်မိနစ်အများဆုံး ကစားသမား ၂၀ စာရင်းကို ဖော်ပြထားသည်။
ဒီဇင်ဘာ ၁၅ ရက်အထိကောက်ယူထားသည့်စာရင်းအရ ခွန်ဒဲ (၂၆ နှစ်) က ကလပ်နှင့် နိုင်ငံအတွက် စုစုပေါင်း ၆၉ ပွဲတွင် ပွဲကစားချိန် ၅၈၇၂ မိနစ်ဖြင့် အများဆုံးပါဝင်ကစားထားခြင်းဖြစ်သည်။
၎င်း၏နောက်တွင် ဘရာဇီးကလပ် ဖလူမင်နန်ဆီအသင်းမှ ကိုလံဘီယာတောင်ပံကစားသမား အာရီယက်စ်က ၅၅၉၉ မိနစ်၊ ရီးယဲလ်အသင်းမှ ဥရုဂွေးကွင်းလယ်လူ ဗယ်လ်ဗာဒီက ၅၅၇၃ မိနစ်၊ လီဗာပူးလ်အသင်းမှ နယ်သာလန်နောက်ခံလူ ဗန်ဒိုက်က ၅၅၂၃ မိနစ်၊ ဘင်ဖီကာအသင်းမှ အာဂျင်တီးနားနောက်ခံလူ အော်တာမန်ဒီက ၅၄၄၉ မိနစ်ဖြင့် အစဉ်လိုက်ရပ်တည်လျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
