Top News

စကူဒက်တိုချန်ပီယံဆုကို အတ္တလန်တာ၊ နာပိုလီတို့နှင့် အပြိုင်လုရမည်ဟု အင်တာမီလန်အသင်းဥက္ကဋ္ဌ ဘီပီမာရော့တာ ပြောကြား
24htopnews | December 20, 2024 5:12 AM CST

အင်တာမီလန်အသင်း၏ဥက္ကဋ္ဌဖြစ်သူ ဘီပီမာရော့တာက စကူဒက်တိုချန်ပီယံဆုအတွက် အတ္တလန်တာ၊ နာပိုလီအသင်းနှင့်အပြိုင်လုရမည်ဖြစ်ပြီး မိမိတို့အသင်းအနေဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှ အတ္တလန်တာအသင်းကို အမီလိုက်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

အင်တာမီလန်အသင်းသည် ယခုရာသီ စီးရီးအေပွဲစဉ် (၁၆) အပြီးတွင် တစ်ပွဲလျော့ကစားထားပြီး ရမှတ် (၃၄) မှတ်ဖြင့် အဆင့် (၃) နေရာ ရပ်တည်နေသည်။

အင်တာမီလန်အသင်းအနေဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှ အတ္တလန်တာ(၃၇ မှတ်)နှင့် (၃) မှတ်ကွာဟနေပြီး ဒုတိယနေရာမှ နာပိုလီ(၃၅ မှတ်)နှင့် (၁) မှတ်ကွာဟနေသည်။

အင်တာမီလန်အသင်းအနေဖြင့် ဖီအိုရင်တီးနားနှင့် လက်ကျန်ပွဲစဉ်ကို အနိုင်ရပါက အမှတ်ပေးဇယားထိပ်ဆုံးသို့ တက်လှမ်းနိုင်မည်ဖြစ်သည်။

မာရော့တာက ''အတ္တလန်တာက ဘယ်လိုအနိုင်ကစားရမယ်ဆိုတာကို သိနေတဲ့အသင်းပါ။ သူတို့ အနေနဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရှိနေပြီး ဖိအားတွေကိုလည်း ကောင်းကောင်းကိုင်တွယ်နိုင်မယ်လို့ ထင်ပါတယ်။ နာပိုလီကလည်း ကွန်တီနဲ့အတူ အရမ်းကောင်းနေပါတယ်။ ဒီရာသီ စကူဒက်တိုချန်ပီယံဆုအတွက် ဂတ်စ်ပါရီနီ၊ ကွန်တီနဲ့ ဆီမြွန်နီအင်ဇာဂီတို့ရဲ့ပြိုင်ဆိုင်မှုက အရမ်းလှပါတယ်''ဟု ဆိုခဲ့သည်။ 

 


READ NEXT
Cancel OK