Top News

ရစ်ချာလီဆန်အား ရောင်းထုတ်ရန် စပါးအသင်း စီစဉ်
24htopnews | December 19, 2024 8:12 PM CST

စပါးအသင်းသည် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရသည့် တိုက်စစ်ကစားသမား ရစ်ချာလီဆန်အား ရောင်းထုတ်ရန် စီစဉ်နေကြောင်း သိရသည်။

ဘရာဇီးလ်တိုက်စစ်ကစားသမား ရစ်ချာလီဆန်သည် ၂၀၂၂ နွေတွင် အဲဗာတန်အသင်းမှ စပါးအသင်းထံသို့ Add-ons ကြေးအပါအဝင် ပေါင်သန်း (၆၀) ဖြင့် ပြောင်းရွှေ့လာသူဖြစ်သည်။

သို့သော် ရစ်ချာလီဆန်သည် စပါးအသင်းတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရသည်။

၎င်းသည် ယခုရာသီတွင်လည်း စပါးအသင်းအတွက် ပြိုင်ပွဲစုံ (၇)ပွဲသာ ကစားပေးနိုင်သေးပြီး ဒဏ်ရာကြောင့် အနားယူနေရသည်။

ယခုအခါ စပါးအသင်းက ရစ်ချာလီဆန်ကိုရောင်းထုတ်ရန် ဆန္ဒရှိနေပြီး ကမ်းလှမ်းမှုများကို လက်ခံစဉ်းစားမည်ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK