ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့သည့် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ်(၅၄)၏ လေလံကြမ်းခင်းစျေး ကျပ်ဘီလျံ ၃၀၀ အား ကျပ် ၁၀ ဘီလျံ လျော့ချပေးရန် ဦးအောင်ဆန်းဦး၏ လျှောက်ထားမှုကို ကျပ် သုံးဘီလျံ လျော့ချရန် တရားရုံးက ဆုံးဖြတ်လိုက်ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအသိုင်းမှ သိရသည်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ခြံအမှတ်(၅၄) တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို လေလံတင် ရောင်းချနိုင်ရန် ဒုတိယအကြိမ် သတ်မှတ်ထားသည့် လေလံကြမ်းခင်းစျေး ကျပ်ဘီလျံ ၃၀၀ မှ ကျပ် ၁၀ ဘီလျံ လျော့ချ၍ ကြမ်းခင်းစျေး ကျပ်ဘီလျံ ၂၉၀ နှင့် လေလံတင်ရန်အတွက် ဦးအောင်ဆန်းဦး၏ ရှေ့နေဖြစ်သူက တရားရုံးသို့ လျှောက်ထားလွှာ တင်သွင်းထားမှုအပေါ် ကျပ် သုံးဘီလျံ လျော့ချ၍ လေလံကြမ်းခင်းစျေးအား ကျပ် ၂၉၇ ဘီလျံ အဖြစ် သတ်မှတ်ရန် ဒီဇင်ဘာ ၁၈ ရက် ရုံးချိန်းတွင် တရားရုံးမှ ဆုံးဖြတ်လိုက်ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအသိုင်းမှ သိရသည်။
" လျော့ရင်တော့ ဒီဘက်ကတော့ ကန့်ကွက်မှာပေါ့။ ကန့်ကွက်လို့မရရင်တော့ ပြင်ဆင်မှု တက်ရမှာပေါ့။ ပုံမှန်ကတော့ ရက်ပေါင်း ၆၀ အတွင်း ပေါ့။ လောလောဆယ်တော့ ကန့်ကွက်လွှာတင်တော့ ရပ်သွားတာပေါ့။ ရှေ့ဆက်လုပ်လို့မရဘူး ရပ်သွားတာပေါ့။ အဲ့ဒီ အယူခံပြင်ဆင်မှုရုံးတော်က ပြန်ကျလာတော့မှ ဆက်သွားပေါ့" ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများနှင့်နီးစပ်သူ တစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄)နှင့် နေအိမ်ကို လေလံကြမ်းခင်းဈေးအဖြစ် ကျပ်ငွေ ဘီလျံ ၃၀၀ ဖြင့် ဒုတိယအကြိမ်လေလံတင်ရောင်းချခဲ့ဖြစ်ပြီး လေလံဆွဲမည့်သူမရှိသဖြင့် လေလံပွဲ အောင်မြင်ခြင်းမရှိခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄)အား ပထမအကြိမ် လေလံတင်ရောင်းချပွဲကို ၂၀၂၄ ခုနှစ် မတ်လ ၂၀ ရက်က အဆိုပါခြံရှေ့တွင် ပြုလုပ်ခဲ့ရာတွင်လည်း လေလံဆွဲမည့်သူမရှိသဖြင့် လေလံပွဲ အောင်မြင်ခြင်းမရှိဘဲ လေလံပွဲကိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ပထမအကြိမ် လေလံတင်ရောင်းချရာတွင် ခြံအမှတ်(၅၄)အား ကြမ်းခင်းစျေးက ကျပ်သိန်းပေါင်း ၃,၁၅၀,၀၀၀ (ကျပ် ၃၁၅ ဘီလျံ) ဖြင့် သတ်မှတ်လေလံတင်ခဲ့သော်လည်း ဝယ်ယူသူမရှိခဲ့ခြင်း ဖြစ်သည်။
ယင်းလေလံပွဲပြီးနောက် ဦးအောင်ဆန်းဦးဘက်က လေလံကြမ်းခင်းဈေးကို ၂၈၅ ဘီလျံအဖြစ် ဈေးလျှော့ပေးရန် ကမာရွတ်ခရိုင် တရားရုံးက တင်ပြခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က တင်ပြချက်ကို ကန့်ကွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် တရားရုံးဘက်က နှစ်ဖက်တင်ပြချက်များကို လက်မခံဘဲ ခြံအမှတ် (၅၄)နှင့် နေအိမ်ကို လေလံကြမ်းခင်းဈေးကို ကျပ်ငွေ ဘီလျံ ၃၀၀ ဖြင့် လေလံတင်ရောင်းချရန် ဇွန် ၂၇ ရက်က ကမာရွတ်ခရိုင် တရားရုံးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့သည့် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ်(၅၄)အား လေလံကြမ်းခင်းစျေး ကျပ် ၂၉၇ ဘီလျံဖြင့် တတိယအကြိမ် လေလံတင်ရောင်းချမှုကို လာမည့် ဖေဖော်ဝါရီ ၅ ရက်တွင် ပြုလုပ်ရန် သတ်မှတ်ထားကြောင်းလည်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအသိုင်းမှ သိရသည်။
ခြံအမှတ် ၅၄ ၏ ဧရိယာအကျယ်အဝန်းမှာ ၁ ဒသမ ၉၂၃ ဧကကျယ်ဝန်းပြီး စတုရန်း ပေ ၈၃၇၆၅ ဒသမ ၈၈ ပေရှိသည်။
အဆိုပါခြံအမှတ် (၅၄) သည် ဒေါ်ခင် ကြည်အမည်ပေါက်ပိုင်ဆိုင်ပြီး ယင်းခြံအား ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုဖြစ်သူ ဦးးအောင်ဆန်းဦးက အမွေခွဲဝေရန် လျှောက် ထားမှုအပေါ် ၂၀၁၆ ခုနှစ်၌ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက နှစ်ထပ်တိုက်နှင့် မြေတစ် ဝက်အား ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်ထပ်တိုက်နှင့် ခြံတစ်ဝက်အား ဦးအောင်ဆန်းဦးဟူ၍ ခွဲဝေရန် အမိန့်ချမှတ်ထားသည်။
သို့ရာတွင် ဦးအောင်ဆန်းဦးက တရားရုံး၏ ဆုံးဖြတ်ချက်အတိုင်းမဟုတ်ဘဲ ခြံဝင်းတစ်ခုလုံးအား လေလံပစ်ပြီး ရရှိသည့်တန်ဖိုးကို တစ်ယောက်တစ်ဝက်ခွဲဝေယူရန် အယူခံတက်ခဲ့သော်လည်း ထိုစဉ်က ယခင်အမိန့်အတိုင်းသာ အပြီးသတ် အမိန့်ချမှတ်ခဲ့သည်။
ထို့နောက် အမွေဆိုင်အမှုအပေါ် တရား ရုံး၏ အပြီးသတ်ဒီဂရီကို ကျေနပ်မှုမရှိ၍ ဦး အောင်ဆန်းဦးက ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၇ ရက်တွင် ပြည်ထောင်စုတရားလွှတ်တော် ချုပ်တွင် အယူခံလျှောက်ထားခဲ့ရာ ဒီဇင်ဘာ ၁၂ ရက်တွင် ပြည်ထောင်စုတရားလွှတ်တော် ချုပ်က အယူခံအား ပလပ်ခဲ့သည်။
ယင်းနောက် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တွင် ဦးအောင်ဆန်းဦးက ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် အထူးအယူခံ လျှောက်ထားခဲ့ပြီး ၂၀၂၂ ခုနှစ် သြဂုတ် ၂၂ ရက်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် က ခြံအမှတ် ၅၄ နှင့်ပတ်သက်၍ အမွေခွဲဝေမှု ကို ဦးအောင်ဆန်းဦး တောင်းဆိုသည့်အတိုင်း ခွင့်ပြုကြောင်း အမိန့်ပြန်လည်ချမှတ်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
