အာဆင်နယ်အသင်းပရိသတ်များသည် ကွန်မြူနတီဒိုင်းကို ဆုဖလားအောင်မြင်မှုအဖြစ် သတ်မှတ်ခဲ့သည့် အသင်းနည်းပြ အာတီတာအား လူမှုကွန်ရက်များတွင် လှောင်ပြောင်ခဲ့ကြကြောင်း သိရသည်။
အသက် (၄၂) နှစ်အရွယ် အာတီတာသည် အာဆင်နယ်အသင်းကို ၂၀၁၉ ဒီဇင်ဘာတွင် စတင်ကိုင်တွယ်ခဲ့ပြီး နောက်ဆုံး (၂) ရာသီတွင် အာဆင်နယ်အသင်းကို ချန်ပီယံဆုစိန်ခေါ်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။
သို့သော် အာတီတာသည် အာဆင်နယ်အသင်းကို (၅)နှစ်တာကာလအတွင်း FA ဖလားတစ်လုံးသာ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ခရစ္စတယ်ပဲလေ့စ်နှင့်ကစားခဲ့သည့် လိဂ်ဖလားပွဲစဉ်မတိုင်မီ ပြုလုပ်သည့် မီဒီယာတွေ့ဆုံမှုတွင် အာဆင်နယ်အသင်းအနေဖြင့် ၎င်းလက်ထက်၌ FA ဖလားတစ်လုံးသာ ရရှိခဲ့သည်ဟု သတင်းထောက်တစ်ဦးက ပြောဆိုခဲ့ရာ အာတီတာက "ကွန်မြူနတီဒိုင်းလည်း ရထားတယ်၊ ထည့်မတွက်ဘူးလား။ ကျွန်တော်တို့ ဖလားတွေ ပိုလိုချင်ပါတယ်"ဟု တုံ့ပြန်ခဲ့သည်။
အာတီတာ၏အဆိုပါမှတ်ချက်ကို အာဆင်နယ်ပရိသတ်များက ဝေဖန်ခဲ့ခြင်းဖြစ်သည်။ အာဆင်နယ်ပရိသတ်များက လူမှုကွန်ရက်တွင် "အရှက်မရှိတဲ့နည်းပြ"၊ "ကွန်မြူနတီဒိုင်းကို ဆုဖလားအဖြစ် ထည့်တွက်တာကတော့ တကယ်ကို ရှက်စရာကြီးပါ"၊ "ဖလား (၃)လုံးတောင် ရထားတယ်ပေါ့"၊ "ဒီဘဲကို အခုချက်ချင်းပဲ ဖြုတ်လိုက်စမ်းပါ"၊ "ကွန်မြူနတီဒိုင်းရတာ ကျေနပ်စရာကြီးပေါ့"စသည် ဖြင့် ရေးသားခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
