ဗင်နီစီယပ်စ် ပြုံးနိုင်ခဲ့ပြီ
24htopnews | December 19, 2024 6:12 PM CST
ဗင်နီစီယပ်စ်က Ballon d'Or မှာ ရှုံးခဲ့ပေမဲ့ The Best မှာတော့ နိုင်ခဲ့ပြီလို့ ဆိုရမှာပါပဲ။ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ The Best ဆုပေးပွဲမှာ ဗင်နီစီယပ်စ်က ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ရရှိခဲ့တာပါ။ ဒီဆုအတွက် အဓိကပြိုင်ဆိုင်ခဲ့ရတာက Ballon d'Or မှာ အရှုံးပေးခဲ့ရတဲ့ မန်စီးတီးကွင်းလယ်ကစားသမား ရိုဒရီနဲ့ပဲဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ ဗင်နီစီယပ်စ်က ၅ မှတ်အသာနဲ့ အနိုင်ရခဲ့တာပါ။ ဗင်နီစီယပ်စ်က ၄၈ မှတ်၊ ရိုဒရီက ၄၃ မှတ် ရရှိခဲ့တာဖြစ်ပါတယ်။ ဒီတစ်ကြိမ် ဗင်နီစီယပ်စ် အသာစီးရရှိသွားခဲ့တာကတော့ လက်ရွေးစင်အသင်းခေါင်းဆောင်တွေရဲ့ မဲပေးမှုမှာ ရိုဒရီထက်အပြတ်အသတ်သာလွန်ခဲ့တာကြောင့်လို့လည်း မီဒီယာတချို့က သုံးသပ်ခဲ့ပါတယ်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
