ဘာစီလိုနာလူငယ်ကြယ်ပွင့်ကစားသမား ယမားလ်က ၎င်းအား ကမ္ဘာကျော်ဘောလုံးသမား မက်ဆီနှင့် နှိုင်းယှဉ်ပြောဆိုနေကြခြင်းမှာ ၎င်းအတွက် အကူအညီမဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယမားလ်သည် မက်ဆီနောက်ပိုင်းတွင် ဘာစီလိုနာအသင်း၏ နာမည်ကျော်အကယ်ဒမီ လာမာစီယာထွက် ကြီးကျယ်ခမ်းနားဆုံးပါရမီရှင်ကစားသမား ဖြစ်လာဖွယ်ရှိနေသည်။
ထို့ကြောင့် ၎င်းတို့ (၂) ဦးအား နှိုင်းယှဉ်ပြောဆိုမှုများမှာ မကြာခဏဆိုသလို ထွက်ပေါ်လေ့ရှိသည်။
ယမားလ်သည် အသက် (၁၇) နှစ်သာ ရှိသေးသော်လည်း ယူရို ၂၀၂၄ ချန်ပီယံ စပိန်အသင်းတွင် အဓိကကစားသမားအဖြစ် ခြေစွမ်းပြခဲ့သလို၊ ဘာစီလိုနာအသင်းနှင့်အတူ လာလီဂါချန်ပီယံဆုကိုလည်း ရယူထားသည်။
၎င်းသည် နည်းပြ ဟန်ဆီဖလစ်ခ်၏ ဘာစီလိုနာအသင်းတွင်လည်း အရေးအပါဆုံးကစားသမားအဖြစ် ခြေစွမ်းပြနေပြီး ၎င်း မကစားနိုင်ချိန်တွင် ဘာစီလိုနာအသင်း ရလဒ်များဆိုးရွားခဲ့သည်မှာ သက်သေဖြစ်သည်။
ယမားလ်အနေဖြင့် ယင်းကဲ့သို့အချိန်တိုအတွင်း အောင်မြင်မှုများ ရရှိနေသည့်အတွက် မက်ဆီနှင့် ၎င်းင်းတို့အား နှိုင်းယှဉ်မှုများမှာ ပိုများလာခဲ့ခြင်းဖြစ်သည်။
မကြာမီအချိန်က ဘာစီလိုနာဂန္ထဝင် ပူယုုိးလ်က ယမားလ်ကို မက်ဆီနှင့်နှိုင်းယှဉ်ခြင်းမှာ လူငယ်ကစားသမားအတွက် ဖိအားဖြစ်စေကြောင်း သုံးသပ်ခဲ့သည်။
ယခုအခါ ယမားလ်ကိုယ်တိုင်က မက်ဆီနှင့် နှိုင်းယှဉ်ခံရသည့်အတွက် ဂုဏ်ယူသော်လည်း ယင်းမှာ ၎င်းအတွက် အကူအညီ မဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ယမားလ်က ''(လီယွန်နယ်မက်ဆီနဲ့ နှိုင်းယှဉ်ခံရတာ) ဂုဏ်ယူစရာပါ။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ကျွန်တော့်ရဲ့ဇာတ်လမ်းကို ကိုယ်တိုင်ရေးသွားမှာပါ။ မက်ဆီဟာ ဘောလုံးသမိုင်းမှာ အကောင်းဆုံးပါ။ ကျွန်တော့်အနေနဲ့ အခုမှ ပထမဆုံးခြေလှမ်းကို စလှမ်းတုန်းပဲ ရှိပါသေးတယ်။ မက်ဆီနဲ့ နှိုင်းယှဉ်နေတာတွေက တစ်ခါတလေမှာ ကျွန်တော့်အတွက် အကူအညီမဖြစ်ပါဘူး''ဟု ပြောကြားခဲ့သည်။
ယမားလ်သည် အသက် (၁၅)နှစ်ကျော်မှာပင် ဘာစီလိုနာအသင်းအတွက် ပွဲထွက်ကစားခဲ့ပြီး ဘာစီလိုနာနှင့် စပိန်လက်ရွေးစင်အသင်းတွင် အသက်အငယ်ဆုံးစံချိန်များစွာ တင်ထားသူ ဖြစ်သည်။
၎င်းသည် ယခုရာသီတွင် ဘာစီလိုနာအတွက် ခြေစွမ်းပြကစားနေပြီး ပြိုင်ပွဲစုံ (၂၁)ပွဲတွင် (၆)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၁၂) ကြိမ် ပြုလုပ်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
