Top News

လိဂ်ဖလား နှင့် ကိုပါအီတာလီယာ ပွဲကြိုသုံးသပ်ချက်
24htopnews | December 19, 2024 6:12 PM CST

စပါး နှင့် မန်ယူ (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

နှစ်သင်းစလုံး နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ ထင်မှတ်မထားတဲ့ရလဒ်တွေနဲ့ နိုင်ပွဲရယူခဲ့ကြပါတယ်။  မန်ယူအသင်းက မန်ချက်စတာဒါဘီ အဝေးကွင်းပွဲစဉ်မှာ အနိုင်ရလိုက်လို့ နည်းပြ အာမိုရင်မ်နဲ့ ကစားသမားတွေအတွက် ယုံကြည်မှု ပိုရှိလာနိုင်တယ်။ အာမိုရင်မ်ရဲ့ ၃-၄-၃ ကစားဟန်က မန်ယူအသင်းနဲ့ အနည်းငယ်အံဝင်လာသလိုရှိပြီး ရှေ့ဆက်မယ့် ခရီးအတွက် ပိုပြီးမျှော်လင့်ချက်ထားလာနိုင်မယ်။ စပါးအသင်းကတော့ ဆောက်သမ်တန်နဲ့ပွဲမှာ တိုက်စစ်ပိုင်း ဂိုးမြူးခဲ့ပေမဲ့ အတက်အကျကြမ်းသလိုဖြစ်နေတယ်။ ဒီရာသီ တန်ဟက်ဂ်လက်ထက် စပါးကို ယူနိုက်တက် အရှုံးကြီးရှုံးခဲ့ပေမဲ့ ထပ်ဖြစ်ဖို့တော့ မရှိလောက်ဘူး။ မန်ယူကိုပဲ ကြိုက်တယ်။

အင်တာမီလန် နှင့် အူဒီးနီးစ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

အင်တာမီလန်နဲ့ အူဒီးနီးစ်ရဲ့ လတ်တလောခြေစွမ်းပိုင်းချင်းကတော့ ကွာခြားလွန်းနေပါတယ်။ အင်တာမီလန်က စီးရီးအေချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေတဲ့အသင်းပါ။ အူဒီးနီးစ်ကတော့ ရာသီအစပိုင်းမှာ ရလဒ်တွေကောင်းခဲ့ပေမဲ့ အခု နောက်ပိုင်း ရှုံးပွဲတွေဆက်ပြီး ယိိမ်းယိုင်လာပါတယ်။ နောက်ဆုံး(၇)ပွဲမှာ (၁)ပွဲသာ အနိုင်ရတဲ့အထိ ခြေပျက်နေတဲ့အသင်း ဖြစ်သလို၊ ကိုပါအီတာလီယာမှာ အဝေးကွင်းမှတ်တမ်းကလည်း ဆိုးရွားနေပါသေးတယ်။ အင်တာမီလန်ကို နောက်ဆုံး(၄)ပွဲဆက်လည်း အရေးနိမ့်ထားတာကြောင့် ဒီပွဲမှာလည်း ဂိုးပြတ်ရှုံးဖို့ အလားအလာများပါတယ်။


READ NEXT
Cancel OK