ဒီဇင်ဘာလ(၁၇)ရက်က မော်ရိုကိုနိုင်ငံတွင် ကျင်းပခဲ့သော အာဖရိကအကောင်းဆုံးဆုပေးပွဲ အခမ်းအနားတွင် အမျိုးသားအကောင်းဆုံးကစားသမားဆုအား ဟာကီမီကို ကျော်ပြီး နိုင်ဂျီးရီးယားတိုက်စစ်ကစားသမား လွတ်ခ်မန်း ရရှိခဲ့သည့်အပေါ် မကျေနပ်သည့် မော်ရိုကိုပရိသတ်များက အခမ်းအနားကျင်းပရာ အပြင်ဘက်တွင် စုရုံးဆန္ဒပြခဲ့ကြောင်း သိရသည်။
လွတ်ခ်မန်းသည် အာဒင်ဒရာ(အိုင်ဗရီကို့စ်)၊ ဂီဟာဆီ(ဂီနီ)၊ ဟာကီမီ(မော်ရိုကို)နှင့် ရွန်ဝမ်ဝီလျံစ်(တောင်အာဖရိက)စသည့် ပြိုင်ဘက်များကို ကျော်ဖြတ်ပြီး ယင်းဆုကို ရရှိခဲ့ခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ်ဆုကို အိုဆင်မန် ဆွတ်ခူးနိုင်ခဲ့သည့်အတွက် နိုင်ဂျီးရီးယားကစားသမားများကက နှစ်နှစ်ဆက်တိုက် ရရှိခဲ့ခြင်းဖြစ်သည်။
အခြားဆုများတွင် အမျိုးသမီးကစားသမားဆုကို ဘာဘရာဘန်ဒါ (ဇမ်ဘီယာ၊ အော်လန်ဒိုပရိုက်)၊ အမျိုးသားအသင်းနည်းပြဆုကို အမ်မာဆီဖေး(အိုင်ဗရီကို့စ်)၊ အမျိုးသမီးအသင်းနည်းပြဆုကို ဘူမာဒီ(ဇမ်မာဘီ)၊ အမျိုးသမီးဂိုးသမားဆုကို အန်နာဒိုဇီ (နိုင်ဂျီးရီးယား၊ ပါရီ FC)၊ အမျိုးသားဂိုးသမားဆုနှင့် ဒေသတွင်း အမျိုးသားကစားသမားဆုကို ရွန်ဝမ်ဝီလျံစ် (တောင်အာဖရိက၊ ဆန်ဒေါင်းစ်)၊ အမျိုးသားကလပ်ဆုကို အယ်လ်အာလီ(အီဂျစ်)၊ အမျိုးသမီးကလပ်ဆုကို မာဇမ်ဘီ(DR ကွန်ဂို)၊ ဒေသတွင်းအမျိုးသမီးကစားသမားဆုကို အမ်ဆူဒီ (မော်ရိုကို၊ AS Far)၊ အမျိုးသားလူငယ်ဆုကို ကာမာရာ(ဆီနီဂေါ၊ မိုနာကို)၊ အမျိုးသမီးလူငယ်ဆုကို အယ်မာဒါနီ(မော်ရိုကို၊ AS Far)၊ အမျိုးသားလက်ရွေးစင်အသင်းဆုကို အိုင်ဗရီ ကို့စ်၊ အမျိုးသမီးလက်ရွေးစင်အသင်းဆုကို နိုင်ဂျီးရီးယား၊ အကောင်းဆုံးဂိုးဆုကို အန်ဂိုလာကစားသမား မာဘူလူလူတို့က ဆွတ်ခူးခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
