မန်ယူတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်သည် မန်ချက်စတာဒါဘီတွင် မန်ယူအသင်း၏လူစာရင်းမှ ချန်လှပ်ခံရပြီးနောက် နောက်တစ်ရက်အကြာတွင် ဖျားနာနေသဖြင့် လေ့ကျင့်ရေးကွင်းမှ အိမ်ပြန်ပို့ခံခဲ့ရကြောင်း ဗြိတိန်မီဒီယာ Daily Mail က ဖော်ပြခဲ့သည်။
မန်ယူအသင်းတွင် အနာဂတ်လှုပ်ခတ်နေသည့် အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်(၂၇ နှစ်)သည် လေ့ကျင့်ရေးကွင်းစွမ်းဆောင်မှုကြောင့် ဒီဇင်ဘာ (၁၅)ရက်က ကစားခဲ့သည့် မန်ချက်စတာဒါဘီ မန်စီးတီး (၁-၂) မန်ယူပွဲတွင် မန်ယူအသင်း၏လူစာရင်းမှ ချန်လှပ်ခံခဲ့ရသည်။
မန်ယူအသင်းကစားသမားများသည် မန်ချက်စတာဒါဘီတွင် မန်စီးတီးကို အနိုင်ရပြီးနောက် နောက်တစ်ရက်အကြာဖြစ်သည့် ဒီဇင်ဘာ (၁၆) ရက်(တနင်္လာနေ့)တွင် လေ့ကျင့်မှုပြန်လည်ပြုလုပ်ခဲ့သည်။
ယင်းလေ့ကျင့်ရေးအစီအစဉ်ကို ရပ်ရှ်ဖို့ဒ် လာရောက်ခဲ့သော်လည်း ဖျားနာနေသဖြင့် လေ့ကျင့်ခွင့်မရဘဲ အိမ်ပြန်ပို့ခံခဲ့ရကြောင်း သိရသည်။
မန်ယူအသင်း၏ ပေါ်လစီအရ ဖျားနာနေသည့်ကစားသမားများအနေဖြင့်လည်း လေ့ကျင့်ရေးကွင်းကို လာရောက်ရမည်ဖြစ်ပြီး အသင်းဆရာဝန်များက အကဲဖြတ်မည်ဖြစ်ကြောင်း သိရသည်။
ရပ်ရှ်ဖို့ဒ်အနေဖြင့် ယင်းပေါ်လစီအတိုင်း အသင်းလေ့ကျင့်ရေးကွင်းကို လာရောက်ခဲ့ပြီး အသင်းဆရာဝန်များထံ စစ်ဆေးမှုခံယူရာတွင် အဖျားဒီဂရီ တက်နေသည့်အတွက် အိမ်ပြန်ပို့ခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
