Top News

ကော့သောင်းမြို့ ရေလယ်တွင် ကုန်တင်သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွား
24htopnews | December 19, 2024 5:12 PM CST

ကော့သောင်းမြို့ ရေလယ်တွင် ကုန်တင်သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

တနသ်ာရီတိုင်းဒေသကြီး ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက်၊ တော်ဝင်ဆိပ်ခံတံတားရှေ့ ရေလယ်တွင် ရပ်နားထားသည့် ယုဇနကုမ္ပဏီမှ MV ပြည့်ရတနာဝင်း ကုန်သင်္ဘောမှာ ဒီဇင်ဘာ ၁၃ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မွန်းလွဲ ၁ နာရီကျော်အထိ မီးလောင်ခဲ့ကြောင်း ဒေသခံများက ပြောကြားခဲ့သည်။ 

MV ပြည့်ရတနာဝင်း သင်္ဘောပိုင်ရှင် ဦးကျင်တိုး၊ ရေယာဉ်မှူး ဦးတင်ရွှေပါ လှေသား ၂၂ ဦးသည် ၂၀၂၄ ဒီဇင်ဘာ ၁၁ ရက်တွင် ရန်ကုန်မြို့မှ ကော့သောင်းမြို့သို့ ရောက်ရှိလာခဲ့ပြီး ကုန်ပစ္စည်းများ ပြန်လည်တင်ဆောင်၍ ရေလယ်တွင်ရပ်နားထားစဉ် ဒီဇင်ဘာ ၁၃ ရက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သင်္ဘောသားများအား တာဝန်ရှိသူများက ကယ်ဆယ်ထားပြီး မီးလောင်မှုဖြစ်စဉ်နှင့် ဆုံးရှုံးမှုများကို စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK