မဟာရန်သူအဇာဘိုင်ဂျန်တို့၏ ပိတ်ဆို့မှုကြောင့် ရူဇန်ဟော့ဗ်ဟာနစ်ရန်အမည်ရှိ အမျိုးသမီးသည် နာဂေါ်နို-ကာရာဘက်၏ခွဲထွက်ဒေသတွင် ၎င်း၏မိသားစုမပါဘဲနှစ်သစ်ကိုတစ်ဦးတည်းရှိနေလိမ့်မည်ဖြစ်သည်။
အာမေးနီးယားလူမျိုးများထူထပ်သည့် ခွဲထွက်ဒေသတွင်စိတ်ခံစားချက်သည် ပျော်ပျော်နေတတ်ရုံမှလွဲ၍အထွေအထူးမရှိလှပေ။
လူ ၁၂၀,၀၀၀ ဝန်းကျင်ရှိသောယင်းဒေသတွင် အစားအစာ၊ဆေးဝါးများနှင့်လောင်စာများ ပြတ်လပ်နေပြီး အဇာဘိုင်ဂျန်သည် ဆိုဗီယက်နိုင်ငံဟောင်းနှစ်ခုကြား ဆယ်စုနှစ်ပေါင်းများစွာကြာ တင်းမာမှုများတွင် နောက်ဆုံးတင်းမာမှုဖြစ်သည့် ကာရာဘက်မြို့၌လူ သားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို အပြည့်အဝကြိုးကိုင်နေသည်ဟု အာမေးနီးယားအာဏာပိုင်များက စွပ်စွဲပြောကြားထားသည်။
ဒီဇင်ဘာလလယ်ကတည်းက အဇာဘိုင်ဂျန်များသည် ကာရာဘက်တွင် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေသည့် တရားမဝင်သတ္တုတူးဖော်မှုကို အတည်ပြုထားသည့်ဖြစ်စဉ်အတွက် ဆန္ဒပြရန် လမ်းတစ်လမ်းကို ပိတ်ဆို့ထားသည်။
ဆန္ဒပြမှုများသည် အလိုအလျောက်ဖြစ်ပေါ်ခဲ့သည်ဟု အဇာဘိုင်ဂျန်အစိုးရက အတည်ပြုထားသော်လည်း အဇာဘိုင်ဂျန်သည် အာမေးနီးယားနိုင်ငံသားများကိုအငြင်းပွားနေသသည့် နယ်မြေကို စွန့်ခွာရန်တွန်းအား ပေးမှုအတွက် ဆန္ဒပြပွဲများကို ကြိုးကိုင်နေသည်ဟု အာမေးနီးယားအစိုးရက စွပ်စွဲပြောကြားခဲ့သည်။
“ကျွန်မရဲ့မိသားစုတစ်စုံလုံး စတီပါနာ ကတ်(ကာရာဘက်၏အဓိကမြို့)မှာရှိနေပါတယ်။ ကျွန်မချစ်ရသူတွေ ဗိုက်ဆာဆာနဲ့အိပ်ရာဝင်ရတဲ့အချိန် ကျွန်မဘယ်လိုလုပ်စားဝင်နိုင်မှာလဲ”ဟုဟော့ဗ်ဟာနစ်ရန်က ပြောကြားခဲ့သည်။
“အဇာဘိုင်ဂျန်ဟာ သာမန်ပြည်သူတွေရဲ့ အသက်တွေနဲ့ ကစားနေပါတယ်”ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။
ယခုလအစောပိုင်းက အသက် ၃၉နှစ် အရွယ်ဟော့ဗ်ဟာနစ်ရန်သည် အာမေနီးယားမြို့တော်ယာရီဗန်သို့ အလုပ်ကိစ္စဖြင့်ခရီးထွက်လာခဲ့သော်လည်း ယခုအချိန်တွင်နေရပ်သို့ ပြန်နိုင်ခြင်းမရှိတော့ပေ။
နောက်ထပ်စတီပါနာကတ်ဒေသခံတစ်ဦးဖြစ်သည့် အရှော့ဂရီဂေါ်ရန်ကမူ အခြေအနေသည် အလွန်ဆိုးရွားလျက်ရှိကြောင်းပြောကြားခဲ့သည်။
“ကျွန်တော်စတိုးဆိုင်တစ်ဆိုင်ကို သွားခဲ့ပါတယ်။ လူတိုင်းက သကြားကိုကီလိုဝက်ပဲ ဝယ်လို့ရတော့တယ်။ စင်ပေါ်က ပစ္စည်းတိုင်းက ကုန်သလောက်ရှိနေပြီး ပေါင်မုန့်တွေရှိနေသေးတာပဲ ကံကောင်းတယ်”ဟုအသက်၆၂ နှစ်အရွယ် ဂရီဂေါ်ရန်က ပြောကြားခဲ့သည်။
အဇာဘိုင်ဂျန်နှင့် အာမေးနီးယားတို့သည် ကာရာဘက်ဒေသအတွက် စစ်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သည်။ ဆိုဗီယက်ယူနီယံပြိုကွဲသည့် ၁၉၉၁ ခုနှစ်တွင် ကာရာဘက်ဒေသရှိ လူမျိုးစုအာမေးနီးယား ခွဲထွက်ရေးသမားများက အဇာဘိုင်ဂျန်မှ ခွဲထွက်လာခဲ့သည်။ ပဋိပက္ခ၏ အကျိုးဆက်အဖြစ် လူ ၃၀,၀၀၀ ဝန်းကျင် သေဆုံးခဲ့သည်။
နာဂေါ်နိုကာရာဘက်နယ်မြေပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး နှစ်နိုင်ငံကြား ၁၉၈၀ ကျော် နှောင်းပိုင်းခုနှစ်နှင့် ၁၉၉၀ ကျော် အစောပိုင်းခုနှစ်များတွင် စစ်ပွဲများ ဖြစ်ပွားခဲ့ဖူးကာအပစ်အခတ်ရပ်စဲရန် သဘောတူခဲ့ကြသော်လည်း ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိခဲ့ခြင်းမရှိပေ။
အာမေးနီးယားလူမျိုးအများစုနေထိုင်သော နာဂေါ်နိုကာရာဘက်ဒေသတွင်တင်းမာမှုများ ရှိနေခဲ့ချိန် အဇာဘိုင်ဂျန်၏တစ်စိတ်တစ်ပိုင်းဖြစ်နေသည့် ယင်းဒေသကိုအာမေးနီးယားပိုင်ဆိုကာ ၁၉၈၀ ခုနှစ်တွင်ဆိုဗီယက်ယူနီယံကမဲခွဲဆုံးဖြတ်ခဲ့သည်။ ထို့နောက်စစ်ပွဲများဖြစ်ပေါ်ခဲ့ပြီး ၁၉၉၄ ခုနှစ်၌ နှစ်နိုင်ငံကြားအပစ်ရပ်ရန်သဘောတူခဲ့ကြသည်။
အာမေးနီးယားအများစုသည် ခရစ်ယာန်ဘာသာဝင်များဖြစ်ပြီး ရေနံကြွယ်ဝသည့် အဇာဘိုင်ဂျန်သည် အစ္စလာမ်ဘာသာဝင်အများစုဖြစ်သည်။ အဇာဘိုင်ဂျန်နှင့် တူရကီနိုင်ငံတို့ကြား နီးကပ်သည့်ဆက်ဆံရေးရှိပြီး အာမေးနီးယားမှာမူ ရုရှားကကျောထောက်နောက်ခံပေးထားသည်။
၂၀၂၀ ပြည့်နှစ်တွင် နောက်ထပ်ဖြစ်ပွားသည့် အကြမ်းဖက်မှုဖြစ်စဉ်၌ လူ ၆၅ဝဝကျော် သေဆုံးခဲ့ပြီး ရုရှားကြားဝင်စေ့စပ်သည့် အပစ်အခတ်ရပ်စဲမှုဖြင့် အဆုံးသတ်ခဲ့ကာ အာမေးနီးယားသည် ဆယ်စုနှစ်ပေါင်းများစွာကြာ ထိန်းသိမ်းခဲ့သည့် နယ်မြေများကို ပြန်လည်ပေးအပ်ခဲ့ကြောင်း မြင်တွေ့ခဲ့ရသည်။
ယခုအချိန်တွင် အာမေးနီးယားအစိုးရက အဇာဘိုင်ဂျန်အာဏာပိုင်များသည် ကွဲပြားသော စစ်ပွဲတစ်ရပ်ကို ဆင်နွှဲနေပြီး အာမေးနီးယားပြည်သူများအား ကာရာဘက်မှ ထွက်ခွာရန်အတွက် တွန်းအားပေးရန်ကြိုးပမ်းနေသည်ဟု စွပ်စွဲပြောကြားခဲ့သည်။
“ကျွန်တော်တို့ နားလည်သလောက်ကတော့ စစ်ပွဲဟာ မပြီးဆုံးသေးပါဘူး”ဟုဂရီ ဂေါ်ရန်က ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၂၅ ရက်က စတီပါနာကတ်၏ အဓိက Renaissance ရင်ပြင်တွင် ပိတ်ဆို့မှုကို ဆန့်ကျင်သည့် ထောင်နှင့်ချီသောဆန္ဒပြသူများဖြင့် ပြည့်နှက်နေသည်။
အဇာဘိုင်ဂျန်အနေဖြင့် လာချင်စင်္ကြံလမ်းတစ်လျှောက် လွတ်လပ်စွာဖြတ်သန်း သွားလာခွင့်ပြုရန် အမေရိကန်နှင့်ပြင်သစ်တို့က တိုက်တွန်းခဲ့သည်။
ဒီဇင်ဘာ ၁၂ ရက်နေ့ကတည်းက အဇာဘိုင်ဂျန်တက်ကြွလှုပ်ရှားသူများသည် တရားမဝင်မိုင်းတူးဖော်ခြင်းဟု ၎င်းတို့ကအတည်ပြု ကန့်ကွက်ထားသည့် အာမေးနီးယားနှင့်တစ်ခုတည်းသော ကုန်းမြေဆက်စပ်နေသည့်လာချင်စင်္ကြံလမ်းကို ပိတ်ဆို့ခဲ့သည်။
ဒါဇင်နှင့်ချီသည့် အဇာဘိုင်ဂျန်တက်ကြွ လှုပ်ရှားသူများသည် စတီပါနာကတ်မှ ကီလိုမီတာပေါင်းများစွာတွင် ယာယီတဲများထိုးထားကြသည်။
အာမေးနီးယားဝန်ကြီးချုပ် နီကိုးလ်ပါ ရှင်ယန်က လာချင်စင်္ကြံလမ်းတစ်လျှောက် တပ်စွဲထားသောရုရှားငြိမ်းချမ်းရေး ထိန်းသိမ်းသူများအနေဖြင့် တရားမဝင်ပိတ်ဆို့မှုကို တားဆီးရန်ပျက်ကွက်သည်ဟု စွပ်စွဲပြောကြားခဲ့သည်။
ဒီဇင်ဘာ ၂၆ ရက်တွင် အခင်းဖြစ်ပွားရာနေရာတစ်ခု၌ တက်ကြွလှုပ်ရှားသူများသည် “ဂေဟစနစ်ရာဇဝတ်မှုများကိုရပ်တန့်ပေး”ဟူသည့်ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြကြောင်း အေအက်ဖ်ပီသတင်းထောက်များက မြင်တွေ့ခဲ့သည်။
တက်ကြွလှုပ်ရှားသူများသည်လမ်းများကို ပိတ်ဆို့ထားမှုအား ငြင်းဆိုခဲ့သည်။
“ကျွန်မတို့ရဲ့ အဓိကလိုအပ်ချက်ကတော့ ကျွန်မတို့ရဲ့ သဘာဝသယံဇာတတွေကို တရားမဝင်အသုံးပြုနေတာတွေကိုရပ်တန့် ပေးဖို့ဖြစ်ပါတယ်”ဟု တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သည့် ဂျမီလာမာမီဒိုဗာကပြောကြားခဲ့သည်။
တက်ကြွလှုပ်ရှားသူများအနေဖြင့်လူသားချင်းစာနာထောက်ထားမှုအကူအညီ သွားလာမှုများကို ခွင့်ပြုထားသည်ဟု ၎င်းက ပြောကြားခဲ့သော်လည်း ဆန္ဒပြမှုများစတင် ဖြစ်ပွားချိန်ကတည်းက အာမေးနီးယားမှ သို့မဟုတ် အာမေးနီးယားသို့ အရပ်သားပို့ဆောင်သွားလာမှုမရှိခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။
နောက်ထပ်အဇာဘိုင်ဂျန်တက်ကြွလှုပ်ရှားသူ ဆာလမ် ဆူလေမာနော့ဗ်က ကာရာဘက်၏ ပိတ်ဆို့မှု သတင်းများသည်မှားယွင်းနေကြောင်း ပြောကြားခဲ့သည်။
“အရပ်သားတွေ၊ဆေးဘက်ဆိုင်ရာပို့ ဆောင်ဆက်သွယ်ရေးတွေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပစ္စည်းတွေလွတ်လပ်စွာ ရွေ့လျားသွားလာနိုင်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
လာချင်စင်္ကြံတစ်လျှောက်ရုရှားစစ်ဘက်ပို့ဆောင်ရေးအတားအဆီးမရှိသွားလာမှုကို အေအက်ဖ်ပီက မြင်တွေ့ခဲ့သည်။
စတီပါနာကတ်မှ ၁၅ ကီလိုမီတာအကွာရှိ ရုရှားစစ်ဆေးရေးဂိတ်အနီးတွင်လမ်းပိတ်ဆို့ထားသည်ကိုလည်း အေအက်ဖ်ပီသတင်းထောက်က မြင်တွေ့ခဲ့သည်။
ယင်းပိတ်ဆို့မှုသည် လူသားချင်းစာနာထောက်ထားမှုအဖွဲ့များအား ကုန်ပစ္စည်းများကို အခြားသောနယ်မြေသို့ ယူဆောင်လာစေခဲ့သည်။
အာမေးနီးယားရှိ ကြက်ခြေနီရုံးမှပြောရေးဆိုခွင့်ရှိသူအမျိုးသမီး ဇာရာအေမန်တူနီက ယင်းအဖွဲ့သည် အာမေးနီးယားအစိုးရက ထောက်ပံ့ထားသည့် အကူအညီ ၁၀ တန်ကို ပို့ဆောင်ခဲ့သည်ဟု ပြောကြားခဲ့သည်။
စတီပါနာကတ်ရှိဒေသခံများက ယင်းအခြေအနေမျိုးဖြင့် မည်ကဲ့သို့ အသက်ရှင်နေထိုင်ရမည်ကို နားမလည်နိုင်တော့ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော့်သူငယ်ချင်းတွေ၊ဆွေမျိုးတွေ တော်တော်များများ သေဆုံးကုန်ကြပါပြီ။ ကာရာဘက်မှာ ကျွန်တော်တို့တွေအဇာဘိုင်ဂျန်တွေနဲ့အတူတူ ဘယ်လိုအသက်ရှင်နေထိုင်ကြမလဲဆိုတာ မသိတော့ပါဘူး။ ဒါဟာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး”ဟု ဒေသခံတစ်ဦးဖြစ်သည့် ဟော့ဗ်ဟာနစ်ရန်ကညည်းညူပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
