၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်အထိ ကမ္ဘာပေါ်မှာ ကိုဗစ်ဖြစ်ပွားသူ ၆၆၂ သန်း၊ ကိုဗစ်ကြောင့်သေဆုံးသူ ၆ ဒသမ ၆၈ သန်းရှိပြီး မြန်မာနိုင်ငံမှာ ကိုဗစ်ဖြစ်ပွားသူ ၆၃၃၆၁၇ ဦး၊ သေဆုံးသူ ၁၉၄၉၀ ဦးရှိလာပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံ ချင်းတောင်မြို့မှာ နေ့စဉ်ကိုဗစ်ကူးစက်ခံရသူ သန်းဝက်ခန့်ရှိတယ်လို့ ကျန်းမာရေးအဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၂၅ ရက်ကဆိုပါတယ်။
တရုတ်အစိုးရဟာ ဒီဇင်ဘာလအတွင်း ကပ်ရောဂါတစ်လျှောက် တစိုက်မတ်မတ်ကျင့်သုံးခဲ့တဲ့ ကိုဗစ်ကင်းစင်ရေးမူဝါဒရုပ်သိမ်းမှုများ အလျင်အမြန်လုပ်ဆောင်လာရာ ရုတ်တရက်လော့ဒေါင်းချခြင်း၊ ကာလကြာရှည်စွာ ကျူဝင်ခြင်းနဲ့ ခရီးသွားလာမှုအပေါ် ကန့်သတ်ချက်များ ဖြေလျှော့ပေးခဲ့ရာနိုင်ငံတွင်းရောဂါကူးစက်မှု သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ ရောဂါကူးစက်မှု တစ်ဟုန်တိုးမြင့်တက်လာလို့ တရုတ်နိုင်ငံတစ်ဝန်းရှိမြို့များမှာ ဆေးဆိုင်များ ဆေးဝါးပြတ်လပ်ခြင်း၊ဆေးရုံများမှာ လူနာများပြည့်နေခြင်းတို့ဖြစ်ပေါ်လာကာ မီးသဂြိုဟ်ရုံများ၊ ဈာပနာပြင်နေရာများ အလုပ်များလာပါတယ်။ တင်းကျပ်တဲ့ ဆေးစစ်မှုဆိုင်ရာ စည်းမျဉ်းများပယ်ဖျက်ပြီးနောက် ရောဂါကူးစက်မှုများ ခြေရာခံ စောင့်ကြည့်ဖို့မဖြစ်နိုင်တော့သလောက် မြင့်တက်လာခဲ့ပါတယ်။
နိုင်ငံအရှေ့ပိုင်း ချင်းတောင်မျိုးမှာ နေ့စဉ်ကိုဗစ်ကူးစက်သူလေးသိန်းကိုးသောင်းမှ ငါးသိန်းသုံးသောင်းကြားရှိနေတယ်လို့ မြို့ကျန်းမာရေးဌာနအကြီးအကဲဖြစ်သူကေ ပြာကြားခဲ့တယ်လို့ ကွန်မြူနစ်ပါတီသတင်းက ဒီဇင်ဘာ ၂၃ ရက်မှာ ဖော်ပြထားပါတယ်။ လူဦးရေ ၁၀ သန်းဝန်းကျင်ရှိတဲ့ ပင်လယ်ဝါဆိပ်ကမ်းခြေမြို့မှာကူးစက်မှုများ အထွတ်အထိပ်မရောက်မီ ကူးစက်မှုများအလျင်အမြန်ဖြစ်ပွားနေတဲ့ ကာလနဲ့ရင်ဆိုင်နေရတယ်လို့ အကြီးအကဲကပြောကြားခဲ့ပြီး ရောဂါကူးစက်မှုနှုန်းဟာ နောက်ထပ် ၁၀ ရာခိုင်နှုန်းမြင့်တက်လာတယ်လို ့ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း နိုင်ငံတစ်ဝန်း ကိုရိုနာဗိုင်းရပ်ပြည်တွင်းကူးစက်သူ ၄၁၀၃ ဦး ထပ်မံတွေ့ရှိကြောင်း ချင်းတောင်မြို့တည်ရှိတဲ့ ရှန်တုံပြည်နယ်မှာဗိုင်းရပ်ကူးစက်ခံရသူ ၃၁ ဦး ထပ်မံတွေ့ရှိရကာ အာဏာပိုင်များရဲ့တရားဝင်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တရုတ်အစိုးရဟာ ပြည်တွင်းမီဒီယာများအပေါ် တင်းတင်းကျပ်ကျပ်ထိန်းချုပ်မှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကာ နိုင်ငံရေးလှုံ့ဆော်မှုလို့ယူဆတဲ့အကြောင်းအရာများ စိစစ်ဖြတ်တောက်ဖို့ အွန်လိုင်းကင်ဆာအဖွဲ့ ထားရှိခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ ဘာလို့ကိုဗစ်ကူးစက်မှုများလာရသလဲဆိုတော့ ကိုဗစ်မျိုးကွဲအိုမီခရွန်ဘီအက် (၇) ကြောင့်ဖြစ်ပါတယ်။ အိုမီခရွန်ဟာ ကိုဗစ်မျိုးကွဲရဲ့ထပ်ဆင့်မျိုးကွဲဖြစ်ကာ ရောဂါပိုးသဘာဝက ကိုဗစ်မျိုးကွဲထဲမှာ အပြင်းဆုံး၊ ကူးစက်အမြန်ဆုံးဖြစ်ပါတယ်။ ရောဂါပျိုးရက်ကာလပိုတိုးခြင်း၊ ကိုဗစ်ဖြစ်ပြီးသူဖြစ်စေ၊ ကာကွယ်ဆေးထိုးပြီးသူဖြစ်စေ၊ နှစ်စမျိုးလုံးရှိခဲ့သူဖြစ်စေ ရောဂါထပ်ကူးနိုင်ခြင်း၊ အဖျားနားလည်လွယ်အောင်ပြောရရင်အခြားအိုမီခရွန်မျိုးကွဲကူးလူနာတစ်ဦးဟာ အခြားလူနာငါးဦးကို ဆက်ကူးစက်နိုင်ပေမဲ့ မျိုးကွဲသစ်ဟာ (၁၀-၁၈) ဦးအထိ ကူးစက်နိုင်တယ်ဆိုပါတယ်။
ရောဂါလက္ခဏာတွေက ကိုဗစ်နဲ့အတူတူဖြစ်ကာ ချမ်းတုန်ဖျားခြင်း၊ နှာရည်ယိုခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊အစာမဝင်ခြင်း၊ အနံ့မရခြင်း၊ ခန္ဓာကိုယ်တစ်ခုလုံးနာကျင်ကိုက်ခဲခြင်း၊ အိပ်မရခြင်းစတာတွေဖြစ်ပြီး အရေးကြီးတဲ့အချက်မှာ ရောဂါမပြဘဲ ကူးစက်နိုင်ခြင်းစတဲ့ထူးခြားချက်များရှိကြောင်း တရုတ်ပညာရှင်များ၏ မှတ်တမ်းအရသိရပါတယ်။ အိုမီခရွန်မျိုးဟာ အမေရိကန်၊ြ ဗိတိန်၊ အိန္ဒိယ၊ ဥရောပမှဂျာမနီ၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဒိန်းမတ်နိုင်ငံတွေမှာတွေ့ရကာ တရုတ်နိုင်ငံလို ကူးစက်မှုမြန်တာ မတွေ့ကြရပါဘူး။
တရုတ်နိုင်ငံမှာ အိုမီခရွန်ကူးစက်မှုမြန်ရတာလဲဆိုတော့ တရုတ်သက်ကြီးရွယ်အိုတွေမှာ ကိုဗစ်ကာကွယ်ဆေး လွှမ်းခြုံမှုနည်းခြင်း၊ ရှေးကိုဗစ်လှိုင်းတွေကြောင့်ကိုယ်ခံအားရမှုနည်းခြင်း၊ ရောဂါလက္ခဏာမပြဘဲ လျင်မြန်စွာကူးစက်နေနိုင်ခြင်း စတာတွေကြောင့် တရုတ်မှာ ဘီအက် (၇) ကိုထိန်းချုပ်ဖို့ခက်ခဲသွားပါတယ်။
တရုတ်နိုင်ငံထုတ်ကာကွယ်ဆေး ဆိုင်နိုဖမ်း၊ ဆိုင်နိုဗက်က ၇၂ ရာခိုင်နှုန်းသာ ကာကွယ်နိုင်တဲ့အချိန်ဖိုင်ဇာ၊ မိုဒါနာ၊ ကာကွယ်ဆေးတို့က ၉၂ ရာခိုင်နှုန်းအထိကာကွယ်ပေးနိုင်တာ တွေ့ရတယ်။
ကိုဗစ်ကာကွယ်ဆေးမထိုးလို့ ကိုယ်ခံအားမရှိရင် သေတတ်ပါတယ်။ လက်ရှိမှာလည်း တရုတ်အပါအဝ င်တစ်ကမ္ဘာလုံးမှာ ကိုဗစ်ကြောင့် တစ်နေ့ထောင်ကျော်သေနေဆဲဖြစ်ကြောင်း တရားဝင်သတင်းများအရ သိရပါတယ်။
ဒီဇင်ဘာ ၂၅ ရက်သတင်းအရ ဖိလစ်ပိုင်မှာလည်း လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ကြောင့် ၂၁ ဦး ထပ်မံသေဆုံးခဲ့တဲ့အတွက်အဆိုပါရောဂါကူးစက်မှုကြောင့်သေဆုံးသူ ၆၅၂၃၆ ဦးရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ရောဂါထပ်မံကူးစက်သူ ၆၆၆ ဦးတွေ့ရှိခဲ့လို့ ကိုဗစ်ကူးစက်ခံရသူပေါင်း ၄၀၆၁၆၆၃ ဦးရှိတယ်ဆိုပါတယ်။ လက်ရှိမှာပိုးတွေ့ဆဲလူနာ ၁၆၈၉၆ ဦးရှိကာ ရောဂါထပ်မံကူးစက်ခံရသူများအနက် ၂၅၅ ဦးဟာ မြို့တော်မနီလာမှာ တွေ့ရခြင်းဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာဇန်နဝါရီ ၁၅ ရက် နေ့စဉ်ကူးစက်မှု ၃၉၀၀၄ ဦးနဲ့စံချိန်တင်ထားပါတယ်။
ပြည်သူ ၄၃ ဒသမ ၈ သန်းကျော် ကိုဗစ်ကာကွယ်ဆေးအပြည့်အဝထိုးနှံပေးပြီးဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာ ပြည်သူသန်း ၁၁၀ ကျော်ရှိရာ ပြည်သူ ၃၃ ဒသမ ၈၈ သန်းကျော် ကိုဗစ်ရှိမရှိစစ်ဆေးမှုပြုလုပ်ပြီးပဲဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၅ ရက်သတင်းအရ အိန္ဒိယမှာ ကိုဗစ်ကူးစက်ခံရသူ ၂၂၇ ဦးအထိတိုးလာကြောင်း၊ ယခုအခါပိုးတွေ့ဆဲ ၃၄၂၄ ဦးရှိသေးကြောင်း၊ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ကြောင့် သေဆုံးသူနှစ်ဦးရှိလို့ ကပ်ရောဂါကြောင့် သေဆုံးသူ ၅၃၀၆၉၃ ဦးအထိမြင့်တက်လာကြောင်း သိရပါတယ်။ နိုင်ငံတစ်ဝန်း လူပေါင်း ၉၀၉သန်းကျော် ကိုဗစ်စစ်ဆေးခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်စစ်ဆေးမှု ၁၂၉၁၅၉ ခုနဲ့ စစ်ဆေးမှုပေါင်း ၉၀၉၉၀၈၅၅၀ စစ်ဆေးပြီးကြောင်း ဆိုပါတယ်။
ဆားစ်ကိုဗီတူးဗိုင်းရပ်ကြောင့် ကိုဗစ်ကပ်ရောဂါ တစ်ကမ္ဘာလုံးပျံ့နှံ့ကူးစက်ခဲ့ရာ နောက်ဆက်တွဲအန္တရာယ်အသွယ်သွယ်ကို နည်းမျိုးစုံနဲ့ ကျန်းမာရေးပညာပေးလျက်ရှိကြောင်း သိရပါတယ်။ အဆိုပါဗိုင်းရပ်ဟာ ဗီဇမျိုးကွဲများဖြစ်တဲ့ အယ်ဖာ၊ ဘီတာ၊ ဂမ်မာ၊ ဒယ်တာ၊ ယခုအိုမီခရွန်ဗီဇမျိုးကွဲများဖြစ်ကာ အချို့ကိုဗစ်ဖြစ်ပြီးကာကွယ်ဆေးထိုးပြီးသူများပြန်ဖြစ်နေပါတယ်။ ကိုဗစ်စည်းမျဉ်းများဖြစ်တဲ့န ှာခေါင်းစည်းတပ်ခြင်း၊လက်ကိုဆပ်ပြာရည်တို့နဲ့စက္ကန့် ၂၀ ကျော်ကြာပွတ်တိုက်ဆေးကြောခြင်း၊ လူတစ်ဦးနဲ့တစ်ဦး ခြောက်ပေခွာခြင်း၊ လူစုလူဝေးရှောင်ခြင်း၊ လေဝင်လေထွက်ကောင်းအောင်စီမံခြင်းတို ့ဆောင်ရွက်ဖို့လိုအပ်လာပါတယ်။ကာကွယ်ဆေး နှစ်ကြိမ်နဲ့ထပ်ဆင့်မြင့်ကာကွယ်ဆေးကို ကိုယ့်အလှည့်ရောက်တိုင်း မပျက်မကွက်ထိုးနှံဖို့လိုအပ်ပါတယ်။
ကိုဗစ်ကြီးက ကမ္ဘာမြေပေါ်မှမထွက်သေးဘဲ(၄-၅)နှစ်ကြာနေဦးမှာဆိုတော့ ကိုဗစ်နဲ့အတူယှဉ်တွဲနေထိုင်ရေး မူဝါဒနဲ့အညီ ပုံမှန်ဘဝသစ်မှာ အီးပညာရေး၊အီးကျန်းမာရေး၊ အီးဂါဗင်းမင့်၊ အွန်လိုင်းမီတင်းနဲ့ အွန်လိုင်းရောင်းဝယ်မှုများ တွင်ကျယ်လာပါတယ်။ သင်ထောက်ကူပစ္စည်းရှားပါးတဲ့ ဆင်းရဲတဲ့နိုင်ငံတွေမှာတော့အကန့်အသတ်တွေရှိနေခဲ့ပြီး ဖြန့်ဝေသူများ လုပ်ငန်းတွင်ကျယ်လာပါတယ်။ တရုတ်နိုင်ငံမှာ အိုမီခရွန်နဲ့ ဘီအက် (၇) ကူးစက်ပျံ့နှံ့တာကြောင့် ရောဂါတစ်ဟုန်ထိုးမြင့်တက်နေလို့ အိမ်နီးချင်းမြန်မာနိုင်ငံမှာ ကိုဗစ်စည်းမျဉ်းများနဲ့ အတူယှဉ်တွဲနေထိုင်သွားဖို့လိုအပ်ပါတယ်။ လူတိုင်းကိုယ်သတ်မှတ်ရရှိတဲ့ကိုဗစ်ကာကွယ်ဆေးကို မရအရထိုးနှံယူဖို့လိုအပ်တဲ့အပြင်ကျန်းမာရေးပညာပေးခြင်းများ ပိုမိုလိုအပ်လာပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
