မြန်မာနိုင်ငံ၌ အစားအသောက်များတွင် အဆီ၊ အငန်၊ သကြားနှင့် ဓာတုဗေဒပစ္စည်းများ ပါဝင်မှုပမာဏကို သတိပြုမိခြင်းမရှိဘဲ လွန်ကဲစွာစားသုံးမိခြင်းကြောင့် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားမှုနှုန်းမှာ မြင့်တက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
နိုဝင်ဘာ ၂၃ ရက်တွင် မန္တလေးမြို့ Mercure Mandalay Hill Resort ၌ ကျင်းပသည့် (၁၃) ကြိမ်မြောက် အာဆီယံ အစားအသောက်ဓာတ်ခွဲခန်းများဆိုင်ရာ ကော်မတီအစည်းအဝေး (AFTLC)၊ ပထမအကြိမ်မြောက် Joint Sectorial Committee on Mutual Recognition Agreement on Prepared Foodstuff(JSC MRA)၊ (၁၉) ကြိမ်မြောက် Task Force on Harmonization of Prepared Foodstuff Standards (TFHPFS) နှင့် (၂၇) ကြိမ်မြောက် အသင့်ထုပ်ပိုးစားသောက်ကုန်လုပ်ငန်းဆိုင်ရာ အစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးက ယင်းသို့ ထည့်သွင်းပြောဆိုခြင်းဖြစ်သည်။
ပြည်သူများ နေ့စဉ်စားသုံးနေရသော အစားအသောက်များနှင့် ဆေးဝါးများသည် ကျန်းမာရေးအပေါ် လွန်စွာအကျိုးသက်ရောက်မှုရှိပြီး ယခုကျင်းပသော အစည်းအဝေးများသည် မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများ၏ စားသောက်ကုန်ဆိုင်ရာ ကဏ္ဍများတွင် ပိုမိုဖွံ့ဖြိုးတိုးတက်မှုများ ရရှိရန်အတွက် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံ၌ အစားအသောက်များတွင် အဆီ၊ အငန်၊ သကြားနှင့် ဓာတုဗေဒပစ္စည်းများ ပါဝင်မှု ပမာဏကို သတိပြုမိခြင်းမရှိဘဲ လွန်ကဲစွာ စားသုံးမိခြင်းကြောင့် မကူးစက်နိုင်သောရော ဂါများဖြစ်ပွားမှုနှုန်းမှာ မြင့်တက်လျက်ရှိသည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ စားသောက်ကုန်ဆိုင်ရာ ကျန်းမာရေးအသိပညာများ ကြွယ်ဝစေရန် ဘက်စုံကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း၊ ကျန်းမာရေး အသိပညာ ကြွယ်ဝပါက ပြည်သူများအနေဖြင့် အရည်အသွေးမပြည့်မီသည့် ဘေးဖြစ်စေနိုင်သော အစားအသောက်များကို စားသုံးခြင်းမှ သတိပြုရှောင်ကြဉ်လာကြမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် အိမ်တွင်းလုပ်ငန်းငယ်များမှစ၍ စားသောက်ကုန်လုပ်ငန်းကြီးများအထိ အသင့်ထုပ်ပိုးစားသောက်ကုန်များကို ထုတ်လုပ်လျက်ရှိပြီး တရားမဝင် သောလမ်းကြောင်းများမှလည်း ဝင်ရောက်လျက်ရှိခြင်းကြောင့် ထိုသို့သော အသင့်ထုပ်ပိုး စားသောက်ကုန်များနှင့် ပတ်သက်၍ လုပ်ငန်းကဏ္ဍများသည် လွန်စွာကျယ်ပြန့်ကာ အခက်အခဲနှင့် စိန်ခေါ်မှုများစွာလည်း ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စားသောက်ကုန်များနှင့်ပတ်သက်၍ အာဆီယံဒေသတွင်း လိုက်နာရမည့် စံချိန်စံညွှန်းများကို ပြည့်မီစေရန်အတွက် မြန်မာနိုင်ငံ၏ ဘဏ္ဍာငွေ၊ ကျွမ်းကျင်ပညာရှင်၊ လူ့စွမ်းအားနှင့် အရင်းအမြစ်များရရှိမှု၊ စားသောက်ကုန်များ စစ်ဆေးရန် ခေတ်မီစက်ကိရိယာများနှင့် ဓာတ်ခွဲခန်းများရှိမှု၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ကူညီပံ့ပိုးပေးနိုင်မှုစွမ်းရည်၊ နိုင်ငံတော်၏ စားသောက်ကုန်ဆိုင်ရာမူဝါဒ စသည့်အခြေအနေများ အပေါ်မူတည်၍ အဆင့်လိုက်အပိုင်းလိုက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးများတွင် တက်ရောက်လာကြသော အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များအနေဖြင့်လည်း ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ပညာရပ်များကိုသာမကဘဲ နိုင်ငံအသီးသီးတွင် တွေ့ကြုံရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများ၊ အတွေ့အကြုံများကိုပါ ဝေမျှကြစေလိုပြီး အထူးသဖြင့် တရားမဝင် ဝင်ရောက်သည့် စားသောက်ကုန်များနှင့် ပတ်သက်၍ နိုင်ငံအသီးသီးတွင် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများကို ဝေမျှကြစေလိုကြောင်း၊ ရှေ့ဆက်လက်၍ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ကွန်ရက်သဖွယ်ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
အစည်းအဝေးများတွင် ဆွေးနွေးမည့် ခေါင်းစဉ်များအနက် အသင့်ထုပ်ပိုးစားသောက်ကုန်များတွင် အာဟာရပါဝင်မှု တံဆိပ်စာသားများနှင့် စံချိန်စံညွှန်များ တစ်ပြေးညီဖြစ်စေရေးတို့မှာ မိမိတို့နိုင်ငံအတွက် အရေးကြီးသော အကြောင်းအရာများဖြစ်ကြောင်း၊ ယခုကဲ့သို့ အစည်းအဝေးများမှ ထွက်ပေါ်လာသော ရလဒ်များနှင့် အကြုံပြုချက်များကို သဟဇာတမြင့်မားစွာ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် အာဆီယံနိုင်ငံများ၏ စားသောက်ကုန်များသည် ဒေသတွင်းသာမက ဒေသအပြင် အဆင့်အထိ ထိုးဖောက်နိုင်ကာ စီးပွားရေး ကဏ္ဍတွင် တိုးတက်လာနိုင်ရုံသာမက ဘေး အန္တရာယ်ကင်းပြီး အရည်အသွေးပြည့်ဝသည့် စားသောက်ကုန်များ စားသုံးရသဖြင့် ပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်းများလည်း တစ်စထက်တစ်စ ပိုမိုကောင်းမွန်တိုးတက် လာမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အစည်းအဝေးများကို နိုဝင်ဘာ ၂၃ ရက်မှ ၂၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အာဆီယံနိုင်ငံများဖြစ်သည့် စင်ကာပူ၊ ထိုင်း၊ ဘရူနိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့မှ ကျန်းမာရေး၊ အစားအသောက်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဓာတ်ခွဲဆိုင်ရာပညာရှင်များ နှင့် တာဝန်ရှိသူများ ၇၀ ဦးခန့် တက်ရောက် ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
