လီဗာပူးလ်နည်းပြ အာနယ်ဆလော့က မိမိအနေဖြင့် ဖူလ်ဟမ်နှင့်ပွဲတွင် ကွင်းလယ်ဒိုင်အား လွှမ်းမိုးရန် ကြိုးစားခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။
ဒီဇင်ဘာ (၁၄)ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် လီဗာပူးလ် (၂-၂) ဖူလ်ဟမ်ပွဲတွင် ကာတစ်ဂျုံးစ် အဝါကတ်အပြခံရခြင်းကို ဒေါသထွက်ခဲ့သည့်အတွက် လီဗာပူူးလ်နည်းပြ အာနယ်ဆလော့သည် ကွင်းလယ်ဒိုင်၏ အဝါကတ်ပြသတိပေးခြင်းကို ခံခဲ့ရသည်။
ယင်းအဝါကတ်မှာ ယခုရာသီတွင် အာနယ်ဆလော့အတွက် တတိယမြောက်အဝါကတ်ဖြစ်သည့်အတွက် တစ်ပွဲပယ်ခံခဲ့ရပြီး ဆောက်သမ်တန်နှင့်ကစားခဲ့သည့် လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်ကို လွဲချော်ခဲ့ရသည်။ ယခုအခါ အာနယ်ဆလော့က မိမိအနေဖြင့် ဖူလ်ဟမ်နှင့်ပွဲ၌ ကွင်းလယ်ဒိုင်ကို လွှမ်းမိုးရန်ကြိုးပမ်းခဲ့ပြီး ယင်းလုပ်ရပ်မှာ မမှန်ကြောင်းဝန်ခံခဲ့ခြင်းဖြစ်သည်။
ဆလော့က "ကွင်းလယ်ဒိုင်ကို လွှမ်းမိုးနိုင်ဖို့ ကျွန်တော် ကြိုးစားခဲ့ပါတယ်။ ကျွန်တော် ဒီ(အင်္ဂလန်)မှာ အမှားလုပ်ခဲ့တာ (၂) ခါ ရှိပါပြီ။ တစ်ကမ္ဘာလုံးက ကိုယ်နဲ့ဆန့်ကျင်နေတယ်လို့ ခံစားရတဲ့အခါ မမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ထွက်လာနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ကွင်းလယ်ဒိုင်ကို လွှမ်းမိုးကြိုးစားခဲ့ပေမဲ့ သူက သူ့အလုပ်ကိုပဲ ဆက်လုပ်ခဲ့တာပါ"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
