မန်ယူအသင်းတွင် အနာဂတ်လှုပ်ခတ်နေသည့် အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်က မိမိအနေဖြင့် စိန်ခေါ်မှုသစ်များ ရင်ဆိုင်ရန် အသင့့်ဖြစ်နေပြီဖြစ်ပြီး မန်ယူအသင်းမှထွက်ခွာဖြစ်ပါကလည်း အသင်းအကြောင်း မကောင်းပြောမည်မဟုတ်ဟု ပြောကြားခဲ့သည်။
အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်(၂၇ နှစ်)သည် တနင်္ဂနွေနေ့က ကစားခဲ့သည့် မန်ချက်စတာဒါဘီ မန်စီးတီး (၁-၂) မန်ယူပွဲတွင် မန်ယူအသင်း၏လူစာရင်းမှ ချန်လှပ်ခံခဲ့ရသည်။ မန်ယူနည်းပြ အာမိုရင်မ်က ရပ်ရှ်ဖို့ဒ်အား အသင်းလူစာရင်းမှချန်လှပ်ခဲ့ခြင်းမှာ စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာကြောင့် မဟုတ်ကြောင်းနှင့် လေ့ကျင့်ရေးမှ စွမ်းဆောင်ရည်ကြောင့်ဖြစ်ကြောင်း အကြောင်းပြခဲ့သည်။ ယခုအခါ ရပ်ရှ်ဖို့ဒ် က မိမိအနေဖြင့် စိန်ခေါ်မှုသစ်များကို ရင်ဆိုင်ရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်း အားကစားကလောင်ရှင် အွန်နရီဝင်တာနှင့် အင်တာဗျူးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ရပ်ရှ်ဖို့ဒ်က "တကယ်လို့ အခြေအနေဆိုးရွားနေတယ်လို့ ကျွန်တော် သိမယ်ဆုုိရင် ကျွန်တော့်အနေနဲ့ အဲဒီအခြေအနေကို ပိုပြီးဆိုးရွားအောင် လုပ်မှာမဟုတ်ပါဘူး။ အရင်တုန်းက (မန်ယူအသင်းကနေ) ကစားသမားတွေ ဘယ်လို ထွက်ခွာသွားကြတယ်ဆိုတာကို ကျွန်တော် မြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော့်အနေနဲ့ အဲဒီကစားသမားတွေလို မဖြစ်ချင်ပါဘူး။ ကျွန်တော့်အနေနဲ့ (အသင်းက)ထွက်ခွာမယ်ဆိုရင် ကျွန်တော်ကိုယ်တိုင် ထုတ်ပြန်ချက်ထုတ်မှာပါ။ အဲဒီထုတ်ပြန်ချက်က ကျွန်တော့်ဆီက ထွက်လာတာပဲ ဖြစ်ရပါမယ်။ (မန်ယူက)ထွက်ခွာဖြစ်ရင်လည်း ကျွန်တော့်အနေနဲ့ အသင်းအပေါ် မကောင်းပြောမှာမဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ စိန်ခေါ်မှုသစ်နဲ့ ခြေလှမ်းသစ်တွေအတွက် အသင့်ဖြစ်နေပြီလို့ ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။
ရပ်ရှ်ဖို့ဒ်သည် အသက် (၅)နှစ်ကတည်းက မန်ယူအသင်းကိုရောက်ရှိလာခဲ့ပြီး အသင်းအတွက်(၄၂၆)ပွဲ၌ (၁၃၈) ဂိုးသွင်းယူထားသည်။ မန်ယူအသင်းသည် ရပ်ရှ်ဖို့ဒ်ကို လာမည့်ဇန်နဝါရီတွင် ပေါင်သန်း (၄၀) ဖြင့် ရောင်းထုတ်ဖွယ်ရှိပြီး PSG အသင်းက ၎င်းကိုခေါ်ယူလိုနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
