Top News

မန်ယူနိုက်တက်ကွင်းလယ်လူဟောင်း ပေါလ်ပေါ့ဘာအား ခေါ်ယူရန် မန်စီးတီးနည်းပြ ဂွါဒီယိုလာ စိတ်ဝင်စား
24htopnews | December 19, 2024 12:12 AM CST

 

မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ပက်ဂွါဒီယိုလာသည် မန်ယူနိုက်တက်အသင်း၏ ကွင်းလယ်ကစားသမားဟောင်းနှင့် ပြင်သစ်လက်ရွေးစင် ကစားသမားဟောင်းတစ်ဦးဖြစ်သည့် ပေါလ်ပေါ့ဘာအား ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရှိရသည်။

ပေါ့ဘာသည် တားမြစ်ဆေးပြစ်ဒဏ်ကြောင့် (၄) နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသော်လည်း အီတလီတားမြစ်ဆေးတိုက်ဖျက်ရေး အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်အား နိုင်ငံတကာအရပ်ဘက် အားကစားခုံရုံး (CAS) က ပယ်ချခဲ့ပြီး (၁၈) လ ပွဲပယ်ပြစ်ဒဏ်သို့ လျှော့ပေါ့ပေးခဲ့သည်။

ပေါ့ဘာသည် ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်ဖျက်သိမ်းထားသည့် ကစားသမားတစ်ဦးဖြစ်ပြီး လာမည့်လ အတွင်းတွင် ပြစ်ဒဏ်ပြည့်မြောက်ပြီး လေ့ကျင့်ခန်းပြန်ဆင်းခွင့်ရမည် ဖြစ်ရာ မန်စီးတီးအသင်းက ခေါ်ယူလိုနေခြင်းလည်းဖြစ်သည်။ 

ဂွါဒီယိုလာသည် အသင်း၏ ကွင်းလယ်ကို အားဖြည့်ရန် စိတ်ဝင်စားလျက်ရှိရာ ပေါ့ဘာကို ခေါ်ယူမည်ဆိုပါက အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခွင့်ရမည် ဖြစ်သဖြင့် ခေါ်ယူလိုခြင်းဖြစ်ကြောင်း သိရှိရသည်။ 


READ NEXT
Cancel OK