အတ္တလန်တာနည်းပြ ဂတ်စ်ပါရီနီက ကာဂလီယာရီအား အနိုင်ရသည့်ပွဲတွင် ဂိုးသွင်းပြီးနောက် ကာဂလီယာရီပရိသတ်များကို ရန်စအောင်ပွဲခံခဲ့သည့် အသင်းကွင်းလယ်တိုက်စစ်ကစားသမား ဇာနီယိုလိုအား ပြစ်တင်ပြောကြားခဲ့သည်။
ဒီဇင်ဘာ (၁၄) ရက်(စနေနေ့)က ကစားခဲ့သည့် စီးရီးအေပွဲစဉ် ကာဂလီယာရီ ၀-၁ အတ္တလန်တာပွဲ၌ ပွဲချိန် (၆၆) မိနစ်တွင် ဇာနီယိုလိုသည် အတ္တလန်တာအတွက် အနိုင်ဂိုးသွင်းပြီးနောက် အိမ်ရှင် ကာဂလီယာရီပရိသတ်များရှေ့တွင် အော်ဟစ်အောင်ပွဲခံခြင်းဖြစ်သည်။
ထို့ပြင် ဇာနီယိုလိုသည် အောင်ပွဲခံရာတွင် အကျႌချွတ်ခဲ့သည့်အတွက်အဝါကတ်ပြသခြင်းလည်း ခံခဲ့ရသည်။ ယခုအခါ ဂတ်စ်ပါရီနီက ဇာနီယိုလို၏ဂိုးသွင်းပြီးအောင်ပွဲခံပုံမှာသည်းခံနိုင်စရာမရှိကြောင်း ပြစ်တင်ခဲ့ခြင်းဖြစ်သည်။
ဂတ်စ်ပါရီနီက "ဇာနီယိုလိုက ဂိုးသွင်းပြီးနောက်မှာ ကာဂလီယာရီပရိသတ်တွေကို ရန်စပြီး မီးမွှေးခဲ့တာပါ။ သူက ကျွန်တော်တို့ရဲ့အား သာချက်ကို အားနည်းချက်ဖြစ်အောင် လုပ်လိုက်တာပါပဲ။ သူ အောင်ပွဲခံပြီး နောက်မှာ ကာဂလီယာရီရဲ့ ဖိအားပေးခြင်းကို ကျွန်တော်တို့ ခံခဲ့ရတယ်။ သူ ဒီလိုလုပ်တာကို ကျွန်တော်ကတော့ သည်းမခံနိုင်ပါဘူး"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
