Top News

မြဝတီမြို့ဘက်မှ ထိုင်းနိုင်ငံဘက်သို့ ခိုးဝင်သည့် မြန်မာအလုပ်သမား ၁၃ ဦး ဖမ်းဆီးခံရ
24htopnews | December 18, 2024 10:12 PM CST

ကရင်ပြည်နယ် မြဝတီမြို့မှ သောင်ရင်းမြစ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်သို့ တရားမဝင်သော နည်းလမ်းဖြင့် ခိုးဝင်လာသူ မြန်မာနိုင်ငံသား အလုပ်သမား ၁၃ ဦး ထိုင်းနိုင်ငံဘက်တွင် ဇူလိုင် ၂၇ ရက်က ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

COVID-19 အရေးပေါ်ကာလအတွင်း မြန်မာနိုင်ငံသို့ ပြန်လာကြသူများသည် ပြည်တွင်တွင် အလုပ်အကိုင် နည်းပါးခြင်းကြောင့် ထိုင်းနိုင်ငံဘက်သို့ နည်းမျိုးစုံဖြင့် ဝင်ရောက်ရန် ကြိုးပမ်းလျက်ရှိသော်လည်း ထိုင်းနိုင်ငံဘက်သို့ မြန်မာလုပ်သားများ ပြန်လည်ဝင်ရောက်ရန် ထိုင်းနိုင်ငံ၏ သက်ဆိုင်ရာ အာဏာပိုင်များက ခွင့်ပြုခြင်း မရှိသေးကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်သို့ တရားဝင် ဝင်ရောက်ခွင့် မပြုသေးသည့်အတွက် တရားမဝင် ခိုးဝင်သူများမှာလည်း ထိုင်းစစ်တပ်၏ ဖမ်းဆီးခြင်းကိုခံရကာ ထောင်ဒဏ် အပြစ်ပေးခံရကြောင်း သိရသည်။

ဇူလိုင် ၂၇ ရက်က ဖမ်းဆီးခံရသူများမှာ မြဝတီမြို့ သဘာဝဂိတ်မှ တရားမဝင် ခိုးကူးသူများဖြစ်ပြီး မဲဆောက်မြို့နယ် မယ်တော်ကျေးရွာ ရပ်ကွက် (၆) တွင် ထိုင်းခြေလျင်တပ ်အမှတ်(၄)က လုံခြုံရေးကင်းလှည့်နေစဉ် ခိုးဝင်သူများ တွေ့ရှိသဖြင့် ပြည်ဝင်ခွင့်လက်မှတ် စစ်ဆေးရာ အထောက်အထား ပြသနိုင်ခြင်း မရှိ၍ အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး ခြောက်ဦးကို ဇူလိုင်၂၇ ရက်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် မတ်၂၁ ရက်မှစပြီး ဇူလိုင် ၂၈ ရက်အထိ လေးလကျော်အတွင်း ထိုင်းပြန် မြန်မာရွှေ့ပြောင်းလုပ်သား ခြောက်သောင်းနီးပါးရှိပြီး ထိုင်းနိုင်ငံသို့ ပြန်လည် ဝင်ရောက်ခွင့် မပြုသေးသည့်အတွက် တရားမဝင် ခိုးဝင်သူများကို တာ့ခ်ရိုင် လဝကအဖွဲ့သို့ အပ်နှံပြီး ဥပဒေအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ မဲဆောက်ဘက်မှလာသော သတင်းများအရ သိရသည်။

မြန်မာ-ထိုင်းနယ်စပ် ဆင်းခွန်နယ်စပ်တွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် သွားရောက်ရန် ကြိုးစားသည့် မြန်မာအလုပ်သမား ၂၂ ဦးကို ဇူလိုင် ၁၁ ရက်က ထိုင်းနိုင်ငံတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်းလည်း သိရသည်။

 


READ NEXT
Cancel OK