Top News

မုန့်ဟင်းခါးရောင်းသူထံမှ ကျပ် ၇၅ သိန်းတန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ခိုးယူသူကို ဖမ်းဆီးရမိ
24htopnews | December 18, 2024 10:12 PM CST

မုန့်ဟင်းခါးရောင်းသူထံမှ ကျပ် ၇၅ သိန်းတန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ခိုးယူသူကို ဖမ်းဆီးရမိကြောင်း ဇူလိုင် ၃၁ ရက်တွင် ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ အလုံမြို့နယ် စောရန်ပိုင် အနောက်ရပ်ကွက်၊ မိုးကောင်းသစ်ဆိပ်ဝင်းနေ ဒေါ်..... သည် ဇူလိုင် ၇ ရက် နံနက် ၈ နာရီခန့်တွင် သစ်တောရပ်ကွက် သစ်တောလမ်းဘေး၌ မုန့်ဟင်းခါးရောင်းနေစဉ် ဆိုင်အတွင်းခုံဘေးတွင် ချိတ်ထားသော ကျပ် ၇၅ သိန်းကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်း ၁၆ မျိုးနှင့် လက်ကိုင်ဖုန်းတစ်လုံး ထည့်ထားသော လက်ဆွဲအိတ်မှာ ပျောက်ဆုံးခဲ့သဖြင့် အလုံမြို့မရဲစခန်းသို့ လာရောက်အမှုဖွင့်ခဲ့သည်။

ခိုးယူသွားသူကို တာဝန်ရှိသူများကဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ရာ ကျူးလွန်သူမှာ ကြည့်မြင်တိုင်မြို့နယ် သရက်တောရပ်ကွက် ကမ်းနားလမ်းရှိ တည်းခိုခန်းတစ်ခုတွင် တည်းခိုနေသူ မဇာဇာဝေ(ခ) အေးမာ ဆိုသူဖြစ်ကြောင်း သိရသဖြင့် ယင်းတည်းခို ခန်းသို့သွားရောက်စုံစမ်းခဲ့သည်။

စုံစမ်းရာ ၎င်းမှာဧရာဝတီတိုင်း၊ မြောင်းမြမြို့သို့ ပြန်သွားကြောင်း သိရသဖြင့်လိုက်လံဖမ်းဆီးရာ ဇူလိုင် ၁၈ ရက် မွန်းလွဲပိုင်းတွင် ဒဂုံဧရာအဝေးပြေးကားဂိတ်၊ ဂိတ်အမှတ် (၃) အနီး ရွှေထည်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ကျူးလွန်သူ ဇာဇာဝေအား သက်ဆိုင်ရာ အလုံမြို့မရဲစခန်းက အမှုဖွင့်ကာ တရားစွဲဆိုတင်ပို့ရန် စီစဉ်ဆောင်ရွက် နေကြောင်းသိရသည်။                  

 


READ NEXT
Cancel OK