မရမ်းကုန်းမြို့နယ်တွင် အမျိုးသားတစ်ဦးမှ ခေါက်ဆွဲဆိုင်အတွင်းဝင်ပြီး အမျိုးသမီးတစ်ဦးအား ဓားဖြင့်ထိုးသတ်မှု ဇူလိုင် ၃၁ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။
ဇူလိုင် ၃၁ ရက် နံနက် ၆ နာရီခွဲခန့်တွင် မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်၊ ဗဟိုလမ်းရှိ ဆီချက်ခေါက်ဆွဲဆိုင်တစ်ဆိုင်တွင် ဓားထိုးမှု ဖြစ်ပွားကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ဓားဖြင့် အထိုးခံရသူမှာ ဆိုင်ပိုင်ရှင်၏ ချွေးမဖြစ်သူ မ....(၃၄နှစ်)ဖြစ်ပြီး ၎င်းမှာ ဆိုင်တွင် ပန်းကန်ဆေးနေစဉ် အမျိုးသားတစ်ဦးမှ ဓားဖြင့်ထိုးခဲ့ကြောင်း အခင်းဖြစ်ပွားသည့် ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
“ဖြစ်တာကတော့ ၆ နာရီ ၄၅ လောက်မှာဖြစ်တာ။ ဆိုင်ဖွင့်ချိန်မှာဖြစ်တာ။ ကောင်မလေးက စားသောက်ဆိုင်မှာ ပန်ကန်တွေဘာတွေ ဆေးနေတာဖြစ်မယ်။ အဲဒီမှာ နောက်ကနေ ဓားနဲ့ဝင်ထိုးတာ။ သွေးအိုင်ထဲ လဲကျသွားတဲ့အချိန်မှာပဲ ရာအိမ်မှူးကအစ်မကို ဖုန်းဆက်တယ်။ အစ်မကရဲကင်းကို ဖုန်းဆက်တယ်။ ကောင်လေးကထိုးပြီးတော့ အေးအေးဆေးဆေးဘဲ ပြန်ထွက်သွားတာ။ သူ့ယောကျာ်းက ဆိုင်ကယ်နဲ့နောက်က လိုက်ဖမ်းလို့မိတာ။ ဖြစ်တဲ့နေရာက အိမ်နံ ပါတ် ၃၅၄၊ ဗဟိုလမ်း (၂) ရပ်ကွက် ရိုးရိုးလေး ဆီချက်ခေါက်ဆွဲဆိုင်ပေါ့။ လူမှားပြီးထိုးတာလို့တော့ပြောတယ်။ သူတို့နားမှာရှိတဲ့ အဲကွန်းဆိုင်မှာလည်း အလုပ်လုပ်ဖူးတယ်။ ကျပန်းအလုပ်သမားတဲ့။ သူတို့နဲ့ဘုရားဖူးလည်း အတူတူလိုက်ဖူးတယ်လို့ ပြောတယ်။ သူ့အမျိုးသားနဲ့လည်း ဘောလုံးအတူတူကန်ဖူးတယ်လို့ပြောတယ်။ ဘာအကြောင်းအရာမှ ဖြစ်ဖူးတာမရှိဘူးလို့ ပြောတယ်။ ဒဏ်ရာကတော့ ရင်ညွန့်အောက်ဓားဒဏ်ရာ နှစ်ချက်ပေါ့” မရမ်းကုန်းမြို့နယ် အမှတ်(၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်ယဉ်ယဉ်ထွန်းက ပြောကြားသည်။
ဓားဖြင့်အထိုးခံရသည့် အမျိုးသမီးမှာ ရရှိသော ဒဏ်ရာများကြောင့် ဆေးရုံသို့ တင်ပို့စဉ် လမ်းတွင် သေဆုံးသွားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှ ဓားဖြင့်ထိုးသူ အမျိုးသားအား ဘုရင့်နောင်နယ်မြေရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် ဖမ်းဆီးအမှုဖွင့် ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
