တောင်ဥက္ကလာပမြို့နယ်၊ ၇ ရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခုတွင် တောင်ဥက္ကလာပမြို့နယ် ၇ ရပ်ကွက်ရှိ နေအိမ် တိုက်ခန်းတစ်ခုတွင် လင်မယားနှစ်ဦး အသတ်ခံရကြောင်း ဩဂုတ် ၁ ရက်တွင် စုံစမ်းသိရှိရသည်။
ဖြစ်စဉ်မှာ တောင်ဥက္ကလာပမြို့နယ်၊(၇)ရပ်ကွက်၊ ၆ လမ်း(ခ)ရှိ ၄လွှာ တိုက်ခန်းတစ်ခုတွင် လင်မယား နှစ်ဦး အသတ်ခံထားရကြောင်း အဆိုပါလမ်းတွင် နေထိုင်သူတစ်ဦးက ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့သို့ ဇူလိုင် ၃၁ ရက် ည ၈ နာရီတွင် လာရောက်သတင်းပေးပို့ခဲ့သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ ကြောင်း သိရသည်။
စစ်ဆေးရာ အသက် ၃၀ ကျော်အရွယ် ရခိုင်လူမျိုးလင်မယားနှစ်ဦးအနက် အမျိုးသားမှာ ထိုးသွင်း ဒဏ်ရာ အချက်၂၀ ကျော်ခန့်နှင့် အမျိုးသမီးမှာ နားထင်အား ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံး လျက်ရှိကြောင်း သိရသည်။
"၃၁ ရက် ည ၈ နာရီလောက်မှာ အဲဒီလမ်းမှာ နေတဲ့သူတစ်ယောက်က ရပ်ကွက်ရုံးကို သတင်းပို့တာပေါ့။ လူသတ်ပြီး ထားခဲ့တယ်လို့လာပြောလို့ ရဲစခန်းကိုဆက်သွယ်ပြီးတော့ ဆောင်ရွက်ခဲ့တယ်ပေါ့။ ဝင်ထွက် သွားလာတာတွေကို CCTV ကနေပြန်ကြည့်ပြီးတော့ ပုံဖော်ပြီး စုံစမ်းစစ်ဆေးနေပါပြီ။ ဖမ်းမမိသေးပါဘူး။ ရပ်ကွက်မှာနေတာတော့ တစ်နှစ်ကျော်လောက်ရှိပြီ။ လေးလွှာမှာနေတာပါ။ လင်မယားနှစ်ယောက်လုံးက ရခိုင် လူမျိုးတွေပါ။အသက် ၃၀ ကျော် ဝန်းကျင်ရှိပါပြီ။ ယောကျာ်းလေးကတော့ ဓားဒဏ်ရာ အချက် ၂၀ လောက်ရှိ တယ်။ မိန်းကလေးကတော့ နားထင်နည်းနည်းချိုင့်ပြီး သေဆုံးနေတာပါ "ဟု တောင်ဥက္ကလာပမြို့နယ် အမှတ် (၇) ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးလှမြင့်က ပြောကြားသည်။
အသတ်ခံရသူများမှာ အဆိုပါရပ်ကွက်တွင် နေထိုင်သည်မှာ တစ်နှစ်ကျော်ခန့်ကြာမြင့်ပြီဖြစ်ကြောင်းနှင့် တရားခံ ဖမ်းဆီးရမိရေးအတွက် CCTVမှတစ်ဆင့် ဝင်ထွက်သွားလာခဲ့သူများကို စစ်ဆေးကာ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
