Top News

ကွမ်းခြံကုန်းမြို့နယ် ဆယ်အိမ်တန်းကျေးရွာတွင် ကျပ်ငွေ ဘီလျံ ၈၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါး(ICE) ဟု ယူဆရသော ပစ္စည်းများနှင့်အတူ အမျိုးသားတစ်ဦး ဖမ်းဆီးရမိပြီး နှစ်ဦးထွက်ပြေးနေ
24htopnews | December 18, 2024 10:12 PM CST

ကွမ်းခြံကုန်းမြို့နယ် ဆယ်အိမ်တန်းကျေးရွာတွင် ကျပ်ငွေ သိန်းပေါင်း ရှစ်သိန်း (ကျပ် ဘီလျံ ၈၀ ခန့်)တန်ဖိုးရှိ မူးယစ်ဆေးဝါး( ICE ) ဟု ယူဆရသော ပစ္စည်းများနှင့်အတူ အမျိုးသားတစ်ဦးကို ဇူလိုင် ၃၁ ရက် ည ၁၁ နာရီခွဲခန့်က ဖမ်းမိပြီး နှစ်ဦးထွက်ပြေးနေကြောင်း အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ကညင်ကုန်းကျေးရွာအုပ်စု၊ ဆယ်အိမ်တန်းကျေးရွာတွင် ယာဉ်အမျိုးအစား NISSAN CARAVAN အမျိုးအစား ယာဉ်နံပါတ် MDY - - - -  ယာဉ်ပေါ်မှ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခြင်းဖြစ်ပြီး Speed Boat နှင့် ချိတ်ဆက်သယ်ဆောင်ရန်ဖြစ်ပြီး ဖမ်းဆီးရမိသူမှာ Speed Boat ပေါ်မှ ဖြစ်ကြောင်း သိရသည်။

ကညင်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးကျော်သူရက “ မနေ့ညက ၁၁ နာရီခွဲလောက်မှာ မူးယစ်ဆေးဝါးတွေမိပါတယ်။ ICE အမျိုးအစားလို့ယူဆရပါတယ်လို့ သိရပါတယ်။ ကီလိုတစ်ထောင်လောက်တွေ့တယ်။ မူးယစ်က သတ်မှတ်တာတော့ တစ်ကီလိုကို သိန်း ၈၀၀ လောက်သတ်မှတ်ပါတယ်။ သိန်းပေါင်း ၈ သိန်းလောက်လို့တော့ သိရတယ်။ Speed Boat က ရွာကဟာ မဟုတ်ဘူး။ အဲ့ဒီ Speed Boat ပေါ်က တရားခံတစ်ယောက်ကိုတော့ မိထားတယ်။ နှစ်ယောက်ကတော့ ထွက်ပြေးသွားတယ်။ ကုန်းကြောင်း ထွက်ပြေးသွားတယ်။ လက်ခုပ်ကုန်းနယ်မြေစခန်းနဲ့ ကျွန်တော်တို့ ကင်းလှည့်နေတဲ့အချိန် ကားတစ်စီး နွွံနစ်နေတာတွေ့လို့ မသင်္ကာတာနဲ့သွားကြည့်ရင်း တွေ့မိပြီး နယ်မြေရဲစခန်းက ဖမ်းမိတာပါ ” ဟု ပြောကြားသည်။

နစ်ဆန်းအမျိုးအစား မော်တော်ယာဉ်နှင့် Speed Boat မှာ ကျေးရွာမှ ယာဉ်များမဟုတ်ဘဲ မော်တော်ယာဉ်မှာ ဒလ လမ်းအတိုင်း ရောက်ရှိမောင်းနှင်လာသည်ဟု သိရကြောင်း ကညင်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးက ဆက်လက်ပြောကြားသည်။

ကွမ်းခြံကုန်းမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းမှုအရ ယမန်နေ့ညက လက်ခုပ်ကုန်းနယ်မြေရဲစခန်းအပိုင်းတွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိသည်ဟု သတင်းရ၍ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် စခန်းမှူးတို့ သွားရောက် စစ်ဆေးနေသည်ဟု သိရသည်။

ဖမ်းဆီးရမိသည့်သူမှာ အသက် ၂၈ မှ ၃၀ ခန့်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး လတ်တလောမေးမြန်းချက်အရ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် နေသူဖြစ်ကြောင်း သိရသည်။

စစ်ဆေးမှုများအရ တစ်ထုတ်လျှင် တစ်ကီလိုဂရမ် အလေးချိန်ရှိသည့် အထုပ်သေး (၂၀) ပါ ဆန်ထည့်သည့် ပီနံအိတ်ပေါင်း(၅၀) ဖမ်းဆီးရမိခဲ့ပြီး (၁၀၀၀) ကီလိုဂရမ်ခန့်ရှိကြောင်း၊ အဆိုပါ မူးယစ်ဆေးဝါးများနှင့် မော်တော်ယာဉ်နှင့် Speed Boat ကို ဖမ်းဆီးသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

 


READ NEXT
Cancel OK