မန္တလေးတံတားဦးလေဆိပ်သို့ ခရီးသည်ကြိုရန်အတွက် သုံးဘီးယာဉ်ငှားရာမှ ခရီးသည်နှင့် သုံးဘီးယာဉ်မောင်းတို့ အချင်းများမှုဖြစ်ပွားခဲ့ပြီး ခရီးသည်မှ ယာဉ်မောင်းအား ကတ်ကြေးဖြင့် ထိုးမှု ဩဂုတ် ၁ ရက်က ဖြစ်ပွားခဲ့ကြောင်း လေဆိပ် နယ်မြေရဲစခန်းမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၁ရက် နံနက်၉နာရီခွဲခန့်က တံတားဦးလေဆိပ်သို့ ခရီးသည်ကြိုရန် ဦး....(၆ဝနှစ်) မောင်းနှင်သည့် သုံးဘီးဆိုင်ကယ်အား ကို....(၃၂နှစ်)က ငှားရမ်းခဲ့ရာမှ အချင်းများမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ခရီးသည်ကြိုရန် သုံးဘီးယာဉ်အား ငှားရမ်းပြီး တံတားဦး လေဆိပ်သို့သွားရောက်ခဲ့ရာ ကြိုမည့်ခရီးသည် မပါလာသဖြင့် ပြန်ခဲ့ကြောင်း၊ ထို့နောက် လေဆိပ်မှအပြန်အထွက်လမ်း မိုင်တိုင်(၄/၆)အရောက်တွင် သုံးဘီးယာဉ်အား ရပ်ခိုင်းခဲ့ကြောင်း၊ ခရီးသည် စောင့်ရသည်မှာကြာသဖြင့် ပိုက်ဆံတိုးပေးရန် သုံးဘီးမောင်းသူမှ ပြောကြားခဲ့ရာ ငှားရမ်းသူမှလည်း မပေးနိုင်ကြောင်း ပြန်လှန်ပြောဆိုရင်း စကားများခဲ့ကြောင်း၊ ယင်းသို့ဖြစ်ပွားရာ ငှားရမ်းသူမှ သုံးဘီးပေါ်ရှိ ကတ်ကြေးဖြင့် သုံးဘီးယာဉ် မောင်း၏လည်ပင်းအား ထိုးခဲ့သည်ဟု သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တံတားဦးလေဆိပ်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ" ဖြစ်စဉ်ကဟုတ်ပါတယ်။ အမှုဖွင့် အရေးယူထားပါတယ်။ အသက်အန္တရာယ်အခြေနေနဲ့ ပတ်သက်ပြီး လောလောဆယ် မသိရသေးပါဘူး "ဟု ရဲအုပ်ဘုန်းကျော်နိုင်က ဖြေကြားခဲ့သည်။
ထိုသို့ ကက်ကြေးဖြင့် ထိုးခဲ့သဖြင့် သုံးဘီးယာဉ်မောင်း ဦး…. (၆ဝနှစ်)တွင် ဝဲ၊ယာ နားရွက်လည်ပင်း၊ ဝဲလက်ကြွယ်ပြတ်ရှဒဏ်ရာ ရရှိပြီး စိုးရိမ်ရကာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
သုံးဘီးယာဉ်မောင်းအား ကက်ကြေးဖြင့်ထိုးခဲ့သူ ကို...(၃၂နှစ်)ကို လေဆိပ်နယ်မြေရဲစခန်းတွင် (ပ)၃၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ၃၂၆ ဖြင့် အမှုဖွင့်ထားကြောင်း စုံစမ်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
