စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် အလွတ်တန်းသတင်းထောက်ဟု ဆိုသူတစ်ဦး နှင့်အလုပ်သင်ရှေ့နေတစ်ဦးအပါအဝင် လူ ခြောက်ဦးထံမှ သြဂုတ် ၁ ရက်က ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာနယ်မြေရဲစခန်းမှ သိရသည်။
မူးယစ်မှုတရားခံ ကိုစိုင်းကျော်သက်၏ ကွင်းဆက်အရ ၎င်းထံမှ သိမ်းဆည်းရမိခဲ့သည့် ဘိန်းဖြူများသည် မုံရွာမြို့ နန္ဒဝန်ရပ် ကွက်နေ ကို---(၃၃ နှစ်)က ရောင်းချရန်ပေး အပ်ထားကြောင်းနှင့် ရောင်းချပြီးမှ ငွေပေး ချေရမည်ဖြစ်ကြောင်း သိရ၍ကို---(၃၃ နှစ်)ထံ မူးယစ်ဆေးဝါးထပ်မံရယူလိုကြောင်း ချိတ် ဆက်ခဲ့ရာ ကို --- (၃၃ နှစ်)နှင့် အလွတ်တန်း သတင်းထောက်ဆိုသူ မ---(၃၈)နှစ်တို့ ဇနီး မောင်နှံသည် စိုင်းကျော်သက်၏ နေအိမ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ယင်းသို့ ရောက်ရှိလာသူများကို သက် ဆိုင်ရာရဲတပ်ဖွဲ့က သက်သေများနှင့်အတူ စစ်ဆေးခဲ့ရာ ကို--- (၃၃ နှစ်)၏ ပုဆိုးခါးပုံ စအတွင်းမှ ဘိန်းဖြူဟုယူဆရသောအမှုန့်အလေးချိန်နှစ်ဂရမ်အပါအဝင် သက်သေခံ ပစ္စည်းများသိမ်းဆည်းကာ ဖမ်းဆီးခဲ့ကြောင်း အလားတူ အလွတ်တန်းသတင်းထောက်ဆို သူ မ---(၃၈ နှစ်)ထံမှ ဖုန်းနှင့် သက်သေခံ ပစ္စည်းအချို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။
“လူခြောက်ယောက်ပါ။ ဖြစ်စဉ်ကတော့ ကျွန်တော်တို့ ဖမ်းတာမဟုတ်တဲ့အတွက် ကျွန်တော်တို့ပြောလို့မရဘူးနော်။ မူးယစ်အ ထူးအဖွဲ့က ဖမ်းလိုက်တာ။ ကျွန်တော်တို့နယ် မြေထဲမှာဖမ်းတာမို့လို့ ကျွန်တော်တို့စခန်းကို အမှုလာဖွင့်တာပါ။ အမှုလာဖွင့်တဲ့အထဲမှာ အလုပ်သင်ရှေ့နေတစ်ဦးလည်းပါတယ်။ ပြီး တော့ သတင်းထောက်ဆိုသူတစ်ဦးလည်း ပါ တယ်” ဟု မုံရွာနယ်မြေရဲစခန်းမှ ရဲအုပ်ခင်သန်း က ပြောကြားသည်။
ထို့နောက် ကို---(၃၃ နှစ်)နှင့် အလွတ် တန်းသတင်းထောက်ဆိုသူမ---(၃၈ နှစ်)တို့ဇနီးမောင်နှံ၏နေအိမ်ကို ဝင်ရောက်ရှာဖွေ ခဲ့ရာ ကို---(၃၃ နှစ်)၏ညီမဖြစ်သူ မ--- အား နေအိမ်တွင် တွေ့ရှိခဲ့ပြီးနောက် နေအိမ်ကို အသေးစိတ်ရှာဖွေခဲ့ရာ နေအိမ်ထမင်းစား ခန်းရှိ စက္ကူဂျပ်ပုံးတစ်ခုအတွင်းမှ ဘိန်းဖြူဟု ယူဆရသော အမှုန့်ကိုးဂရမ်ခန့်စီပါ ကိုးခွက် နှင့်ညီမဖြစ်သူမ---(၂၅ နှစ်)ထံမှ သက်သေခံ ဖုန်းတစ်လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရ သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မုံရွာနယ် မြေရဲစခန်းက အလွတ်တန်းသတင်းထောက်ဟုဆိုသူတစ်ဦးနှင့် အလုပ်သင်ရှေ့နေတစ်ဦး အပါအဝင် လူခြောက်ဦးကို မယ(ပ)၁၇/ ၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က)/ ၂၁၊ မယ(ပ)၁၆/၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)/ ၂၀(က)/၂၁ စသည်များဖြင့် အမှုဖွင့်ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
