သြဂုတ် ၃ ရက် နံနက်ပိုင်းမှာပင် အမြန်လမ်းမကြီး၌ ယာဉ်မတော်တဆမှု ငါးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး လူ ငါးဦးသေဆုံးကာ ခုနစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သက်ဆိုင်ရာ နယ်မြေရဲစခန်းများမှာ သိရသည်။
ဖြစ်စဉ်များမှာ ဩဂုတ် ၃ ရက် နံနက် ၇ နာရီ ၁၀ မိနစ်ခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၌ ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ ကျား ၄ ဦး၊ မ နှစ်ဦး၊ ပေါင်း ၆ ဦး စီးနင်းလိုက်ပါလာသော ယာဉ်အမှတ် YGN-1H/------- Probox အဖြူရောင်ယာဉ်အား ယာဉ်မောင်း ဦးဇင်လင်းထိုက် (၃၁ နှစ်) မောင်းနှင်လာပြီး အမြန် လမ်းမကြီးအတိုင်း ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာစဉ် လမ်းမကြီးမိုင်တိုင်အမှတ် ၁၇၆ မိုင် ၂ ဖာလုံနှင့်၃ ဖာလုံအကြား သို့အရောက် အရှိန်မထိန်းနိုင်ပဲ လမ်းလယ်ကျွန်းပေါ်သို့ကျော်လွန်ကာ တစ်ဖက် ယာဉ်ကြောဖြစ်သည့် နေပြည်တော်-ရန်ကုန်လမ်းဘက်ခြမ်းသို့ ရောက်ရှိတိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်မတော်တဆမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး သာဂရအမြန်လမ်းမကြီးရဲစခန်းမှူး ရဲအုပ်ကျော်ဆွေလတ်က ‘ ကား သမားက အရှိန်ပြင်းပြီးတော့ လမ်းလယ်ကျွန်းကိုကျော်သွားပြီးတော့မှ ကားကနှစ်ပတ်သုံးပတ်ပတ်ပြီးတော့ သူကတစ်ဖက်လမ်းပေါ်ကို ရောက်သွားတာပေါ့နော်။ ယာဉ်ပေါ်ပါတာက ကျားက လူကြီးနှစ်ယောက် ကလေးနှစ်ယောက်၊ မ နှစ်ယောက်ပါတာ၊ အဲ့ဒီမှာမတစ်ယောက် ကျားတစ်ယောက်သေသွားတယ်၊ ယာဉ်မောင်းသေသွားတာပေါ့နော်။ ယာဉ်မောင်းနဲ့ မ ခရီးသည်တစ်ယောက်သေသွားတာပေါ့။ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကတော့ ကျားတစ်ယောက် မ တစ်ယောက်ရယ်၊ ကျား ကလေးနှစ်ယောက်ပေါ့၊ သူတို့ကို ဆွာတိုက်နယ် ဆေးရုံကိုပို့လိုက်ပါတယ်ခင်ဗျ’ ဟုပြောကြားသည်။
ယာဉ်မတော်တဆမှုဖြစ်ပြီးနောက် ယာဉ်မောင်း ဦးဇင်လင်းထိုက်မှာ ဦးခေါင်းကွဲဒဏ်ရာဖြင့်လည်းကောင်း၊ ယာဉ်ပေါ်လိုက်ပါသူ မတင်တင်နွယ် (၂၄ နှစ်) မြောက်ဥက္ကလာပမြို့နယ်နေသူမှာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် လည်းကောင်း အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း၊ ထို့အပြင်ယာဉ်ပေါ်အတူလိုက်ပါသူ အသက် ၂၈ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး၊ အသက် ၃ နှစ် အရွယ်ခန့်ရှိသည့် (ကျား) ကလေးငယ်နှစ်ဦးနှင့် အသက် ၂၇ နှစ်အရွယ်ရှိ အမျိုးသမီး တစ်ဦးတို့မှာ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အသီးသီးရရှိသွားခဲ့သဖြင့် ဆွာတိုက်နယ်ဆေးရုံ သို့ ပို့ဆောင်ကုသပေးထားရကြောင်း၊ Probox မော်တော်ယာဉ်မှာ ရှေ့လေကာမှန်ကွဲ၊ ဝဲ/ယာ လေကာမှန်ကွဲ၊ ရှေ့/နောက် ယာဘက်ဘီးပေါက်ပျက်စီးသွားခဲ့ကြောင်း၊ အဆိုပါ ယာဉ်မတော်တဆမှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး ယာဉ်မောင်း ကိုဇင်လင်းထိုက်အား (ပ)၉/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ တို့ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သာဂရအမြန်လမ်းမကြီးရဲစခန်းမှသိရသည်။
ဆက်လက်ပြီး ဩဂုတ် ၃ ရက် နံနက် ၈ နာရီအချိန်ခန့်၌ ယာဉ်မောင်း ဖိုးသောင်၊ အသက် (၄၁ နှစ်) ၁၃ ရပ်ကွက် ဒဂုံအရှေ့ မြို့နယ်နေသူမောင်းနှင်သော ယာဉ်အမှတ် 3I/-------MAZDA ယာဉ် အမျိုးအစားမော်တော်ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ ကျား ၂ ဦး၊ မ ၄ ဦး၊ပေါင်း ၆ ဦးလိုက်ပါလျှက် အမြန်လမ်းမကြီးအတိုင်းနေပြည်တော်ဘက်မှ မန္တလေးဘက်သို့မောင်းနှင်လာစဉ် လမ်းမကြီးမိုင်တိုင်အမှတ် ၃၃၆မိုင် ၆ ဖာလုံအနီးသို့အရောက် လမ်းချော်၍ လမ်းလယ်ကျွန်းပေါ်ကျော်လွန်ပြီး တစ်ဖက်ယာဉ်ကြော ဖြစ်သည့် မန္တလေး-နေပြည်တော်လမ်းဘက်ခြမ်းသို့ ရောက်ရှိတိမ်းမှောက် သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယာဉ်မတော်တဆမှုအခြေအနေနှင့်ပတ်သက်ပြီး စကားအင်း အမြန်လမ်းမကြီးမီးသတ်စခန်းတာဝန်ခံ လ/ထ ဦးစီးမှူး ထွေးခိုင်က ‘ နေပြည်တော်-မန္တလေးဘက်ခြမ်းကနေပြီးတော့ လမ်းလယ်ကျွန်းကို ကျော်ပြီးတော့ လမ်းလယ်ကျွန်း ဘယ်ရီယာတုံးကို တိုက်ပြီးတော့မှ မန္တလေး-နေပြည်တော်ဘက်ခြမ်းကိုရောက်ပြီး တိမ်းမှောက်သွားတာပေါ့။ သေဆုံးသွားတာက ကျား ၁ဦး၊မ ၂ ဦးပေါ့၊ ထိခိုက်ဒဏ်ရာရတာကလည်း ကျား ၁ ဦး၊ မ ၂ ဦးပဲ၊ ဒဏ်ရာရတဲ့လူတွေကတော့ အခြေအနေကောင်းပါတယ်။ တစ်ဦးကတော့ နည်းနည်းကျိုးတာနဲ့ ဘာညာနဲ့ ဆိုတော့ ဒဏ်ရာနည်းနည်းပြင်းတယ်ခေါ်မှာပေါ့။ သူတို့ကို တံတားဦးဆေးရုံကို ပို့ပေးလိုက်ပါတယ်” ဟုပြောကြားသည်။
ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် ယာဉ်ပေါ်လိုက်ပါသူများအနက် ယာဉ်မောင်း ဖိုးသောင်အပါအဝင်၊ ယာဉ်ပေါ်လိုက်ပါသူများအနက် မအယ်စတာဆိုင်းမိုင် ၁၈ နှစ်၊(ဘ)ဦးစိုးအောင်နှင့် မချစ်ဝတီ ၁၄ နှစ်၊ အမှတ် ၉၀ ရပ်ကွက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်နေသူတို့မှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ကျန်သော ကျား တစ်ဦး၊ မ နှစ်ဦးတို့မှာ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိသွားသဖြင့် 192 လူ/ကယ် အဖွဲ့ မှ တံတားဦး တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ အဆိုပါယာဉ်မတော်တဆမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ယာဉ်မောင်း ဖိုးသောင်အား စကားအင်းအမြန် လမ်းမကြီးရဲစခန်းမှ ယာဉ်(ပ) ၁၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က၊ ၃၃၇/၃၃၈ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ဩဂုတ် ၃ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် မိုးများရွာသွန်းလျှက်ရှိရာ ယာဉ်မတော်တဆမှုများ ၅ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် လူသေဆုံးသူ ၅ ဦးအပြင် အမြန်လမ်းမကြီးမိုင်တိုင်အမှတ် ၃၂၈ မိုင်အနီး ပြင်စည်အမြန်လမ်းမကြီးရဲစခန်းအပိုင်၌လည်း အမြန်လမ်းပေါ် တွင် မောင်းနှင်နေသော Toyota Alphard ယာဉ်မှအမြန်လမ်းပေါ်လမ်းဖြတ်ကူးသော အမျိုးသားအား ဝင်တိုက်မိရာမှအမျိုးသားတစ်ဦးသေဆုံးမှုအပါအဝင် ဩဂုတ် ၃ ရက်နေ့နံနက်ပိုင်းတွင် အမြန်လမ်းမကြီးပေါ် ယာဉ်မတော်တဆမှုများကြောင့် လူ ၆ ဦးထက် မနည်း သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
