ပြစ်မှုကျူးလွန်သူ (ဝဲမှ ယာ) နေသူရိန်ထွန်း၊ သက်ကိုလင်း၊ လှတင်၊ ဇော်လင်းထက်နှင့် သက်သေခံပစ္စည်းများ မှတ်တမ်းဓာတ်ပုံ
ရန်ကုန်မြို့အတွင်း ရပ်ထားသည့် ယာဉ်များ၏ ကျပ်သိန်း ၉၀ ကျော် တန်ဖိုးရှိ ယာဉ်ပစ္စည်း အမျိုးအစားပေါင်း ၉၀ နီးပါးကို ဖြုတ်၍ ခိုးယူထားသူများအား ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း သြဂုတ် ၄ ရက်တွင် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများနှင့် တာမွေမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ပါဝင်သောအဖွဲ့သည် ဇူလိုင် ၁၈ ရက် နံနက် ၃ နာရီခန့်တွင် ယာဉ်များမှ ပစ္စည်းခိုးယူသူများအား စုံစမ်းဆောင်ရွက်နေစဉ် တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်၊ ဗညားဒလလမ်းမပေါ်တွင် ဇော်လင်းထက် (ခ) ကျွဲမဲ၊ သက်ကိုလင်း (ခ) လင်းလင်းနှင့် လှတင် (ခ) ဟူစိန်တို့ သုံးဦးကို အငှားယာဉ် တစ်စီးနှင့်အတူ မသင်္ကာဖွယ် တွေ့ရှိရသဖြင့် စစ်ဆေးရာ ၎င်းတို့လက်တွင် ကိုင်ဆောင်ထားသော ဟိုက်ဂျက်ယာဉ် နောက်ခွက်မီး တစ်စုံ၊ ကားဝိုက်ဘာတံ တစ်ခု၊ စပန့်တာ သုံးချောင်း၊ ဝက်အူလှည့် သုံးချောင်းတို့ကို တွေ့ရှိခဲ့ပြီး အဆိုပါ ပစ္စည်းများအား ပိုင်ဆိုင်ကြောင်း ခိုင်လုံစွာပြောဆိုနိုင်ခြင်း မရှိသဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ၎င်းတို့ သုံးဦးအား ဖမ်းဆီးပြီး ဆက်လက်စစ်ဆေးရာ ၎င်းတို့ သုံးဦးသည် တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ ကမ္မဌာန်းလမ်းနေ နေသူရိန်ထွန်း (ခ) သူရိန် (ခ) ဆာအစ်နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်ရှိ မြို့နယ်များနှင့် အနောက်ပိုင်းခရိုင်ရှိ မြို့နယ်များအတွင်း လှည့်လည် သွားလာ၍ လမ်းဘေးတွင် ရပ်ထားသော ယာဉ်အမျိုးမျိုး၏ ကျပ် ၉၃ သိန်းကျော် တန်ဖိုးရှိ ယာဉ်ပစ္စည်း ၈၈ မျိုးကို ဖြုတ်ကာ ခိုးယူခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ခိုးမှုများတွင် ပူးပေါင်းပါဝင်သူ နေသူရိန်ထွန်းကို ဇူလိုင် ၁၈ ရက် မွန်းလွဲပိုင်းတွင် ၎င်းနေအိမ်မှ ဖမ်းဆီးရမိခဲ့ပြီး ယင်းဖြစ်စဉ်မှ ကျူးလွန်သူ လေးဦးကို သက်ဆိုင်ရာရဲတပ်ဖွဲ့က တရားစွဲဆိုတင်ပို့ စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
