စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ပင်လည်ဘူးမြို့နယ်တွင် သြဂုတ်လ ၅ ရက်က တရားခံငါးဦးနှင့်အတူ ဘိန်းဖြူများနှင့် စိတ်ကြွရူးသွပ်ဆေးပြား အများအပြား ဖမ်းဆီးရမိခဲ့ကြောင်း ပင်လည်ဘူးမြို့ မိုးသောက်ကြယ် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး အသင်းဥက္ကဋ္ဌ ဦးခင်ဇော်ဝင်း၏ ပြောကြားချက်အရ သိရသည်။
သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် ပင်လည်ဘူးမြို့ မိုးသောက်ကြယ် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး အသင်းဥက္ကဋ္ဌ ဦးခင်ဇော်ဝင်း ဦးဆောင်သော အဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ ပင်လည်ဘူး-ဖောင်းပြင်သွား ကားလမ်း ခေါက်စင်းကျေးရွာအုပ်စု ၀ါးဘိုးချောင်ကျေးရွာ အနောက်ဘက်ရှိ ရေဝေတောင်ထိပ်တွင် စောင့်ဆိုင်းနေကြောင်း သိရသည်။
“တရားခံငါးဦး ဖမ်းမိတယ်။ အဲဒီတရားခံ ငါးဦးထဲမှာ အမျိုးသမီး တစ်ယောက်ပါတယ်။ ခြောက်ဘီးကားထဲမှာ မူးယစ်ဆေးဝါးတွေ သိုဝှက်သိမ်းဆည်းလာတယ်။ အဲဒီကားကို မသင်္ကာလို့ စစ်ဆေးလိုက်တော့ မူးယစ်ဆေးဝါး ဖမ်းမိတယ်။ ဘိန်းဖြူဆပ်ပြာခွက်ကတော့ နှစ်ထောင့်သုံးရာကိုးဆယ်ရှစ်ခွက်မိတယ်။ စိတ်ကြွရူးသွပ် ဆေးပြားကတော့ ရှစ်သောင်းခုနစ်ထောင်ခုနစ်ရာ ငါးဆယ်ပြားမိတယ်။ တရားခံ အချို့ကတော့ မြန်မာစကား မပြောတတ်ဘူး” ဟု ပင်လည်ဘူးမြို့ မိုးသောက်ကြယ် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး အသင်းဥက္ကဋ္ဌ ဦးခင်ဇော်ဝင်းက ပြောကြားသည်။
အဆိုပါ မူးယစ်ဆေးဝါးများသည် ပင်လည်ဘူးမြို့ကိုဖြတ်ကာ ဖောင်းပြင်မြို့သို့ ပို့ဆောင်မည့်ပစ္စည်းများ ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး တရားခံများသည် အားကျိန်(ခ)အားစိန်(ခ)ခေါတား၊ နက်ရှိုင်း(ခ)ကိုကိုမင်း၊ ခင်စန်းကြည်(ခ)ခင်ဝင်းကြည်၊ ယောဆက်နှင့် လာမေလေးတို့ ငါးဦးဖြစ်ကြောင်း သိရှိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပင်လည်ဘူးမြို့မရဲစခန်းက အားကျိန်(ခ)အားစိန်(ခ)ခေါတား၊ နက်ရှိုင်း (ခ) ကိုကိုမင်း၊ ခင်စန်းကြည် (ခ) ခင်ဝင်းကြည်၊ ယောဆက်နှင့် လာမေလေးတို့ ငါးဦးကို မယ(ပ)၁၃၆/(၂၀၂၀)၊ မူး/စိတ်ပုဒ်မ ၁၉(က) ၂၁ အရ အမှုဖွင့် အရေးယူ ဖမ်းဆီးထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
