Top News

ပန်းတနော်မြို့နယ် ရှိ CB ဘဏ်တွင် သေနတ်ပြ၍ ငွေလုယက်မှု ဖြစ်ပွါး
24htopnews | December 18, 2024 10:12 PM CST

မအူပင်ခရိုင် ပန်းတနော်မြို့နယ် အလယ်ပိုင်းရပ်ကွက် သီဟလမ်းရှိ CB ဘဏ်တွင် သြဂုတ်  ၇ ရက် (ယနေ့) နံနက် ၁ဝနာရီခွဲ ခန့်က သေနတ်ပြကာ ငွေလုယက်မှု ဖြစ်ပွါးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မိုးကာအကျီအဖြူရောင် ဝတ်ဆင်၍ Mask တပ်ဆင်ထားပြီး လက်အိတ်အမည်း ဝတ်ဆင်လာသူ အမျိုးသားတစ်ဦးမှာ ဘဏ်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ကောင်တာသို့အရောက်တွင် အသင့်ယူဆောင် လာသော သေနတ်ပြကာ ခြိမ်းခြောက်၍ ငွေတောင်းခံခဲ့ခြင်းဖြစ်ကြောင်း၊ ဘဏ်ကောင်တာမှ ကျပ် သိန်း ၁၂၀ အား လုယက်ယူဆောင်ကာ ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လုယက်သူဟု ယူဆရသည့်အမျိုးသားပုံအား CCTV မှတစ်ဆင့်ရရှိထားပြီး လိုက်လံရှာဖွေနေလျက်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK