ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၉၀ အနီးတွင် ဩဂုတ် ၆ ရက်နေ့ညပိုင်းက ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့လာသော မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်အား ဝင်တိုက်မိရာမှ ယာဉ်ပေါ်လိုက်ပါသူများ သုံးဦးအနက် သံဃာတစ်ပါးအဝင် အမျိုးသားနှစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ပြီး တစ်ဦးပြင်းထန်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း မြို့ချောင်းအမြန်လမ်းမကြီး ရဲစခန်းမှ သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး မြို့ချောင်းအမြန်လမ်းမကြီး ရဲစခန်းမှူး ရဲအုပ်ရဲနိုင်မြင့်က “သူက Speed များသွားတာ အရှိန်မထိန်းနိုင်ဘဲ ဖြစ်သွားတာပေါ့၊ သူတို့က ရန်ကုန်ကနေပြီးတော့ နေပြည်တော်ဘက် အလာမှာပေါ့။ အဲ့ဒီမှာ အရှိန်လွန်ပြီးတော့ လမ်းဘေးမြေသားလမ်းဘက်ကို ရောက်ပြီးတော့ လမ်းဘေး ပေ ၅၀ လောက် အကွာမှာရှိတဲ့ ကုက္ကိုလ်ပင်ကြီးကို ဝင်ရိုက်လိုက်တာ၊ နှစ်ယောက်သေပြီး တစ်ယောက် ထိခိုက်ဒဏ်ရာ ရတယ်ဗျ၊ သူတို့ကို မြို့ချောင်းဆေးရုံကို ပို့လိုက်ပါတယ်။ ဒဏ်ရာရတဲ့လူ အခြေအနေက စိုးရိမ်ရတယ်ဗျ” ဟု ဩဂုတ် ၇ ရက် နံနက်ပိုင်းက ပြောကြားသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၆ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း ဦးမြင့်ဝေ (၆၀) နှစ် ကျောက်တံခါးမြို့နယ်နေသူ မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ ကျား ၂ ဦး၊ သံဃာ ၁ ပါး၊ ပေါင်း အမျိုးသား ၃ ဦးတို့ လိုက်ပါလာသော ယာဉ်အမှတ် 4H/------ Toyota Succeed အမျိုးအစား မီးခိုးရောင် မော်တော်ယာဉ်သည် လမ်းမကြီး မိုင်တိုင်အမှတ် ၉၀ မိုင် ၀ ဖာလုံနှင့် ၁ ဖာလုံအကြားသို့အရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းမယာဘက်ခြမ်း မြေသားလမ်းပေါ်ရှိ ကုက္ကိုလ်ပင်အား ဝင်ရောက်တိုက်မိ ခဲ့ခြင်းဖြစ်ပြီး ယာဉ်နောက်ခန်းတွင် လိုက်ပါသော သံဃာတော်မှာ မော်တော်ယာဉ် အပြင်ဘက်သို့ လွင့်စင်ထွက်ကျလျက် ယာဉ်မောင်းမှာ ကားခေါင်းအတွင်း ညှပ်မိနေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက်မှု ဖြစ်ပွားရာသို့ မြို့ချောင်းအမြန်လမ်းမကြီး ရဲစခန်းမှူးနှင့်အဖွဲ့၊ မြို့ချောင်း အမြန်လမ်း မီးသတ်စခန်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်ပါသူ သုံးဦးအနက် ယာဉ်မောင်း ဦးမြင့်ဝေနှင့် ယာဉ်နောက်ခန်းတွင် လိုက်ပါစီးနင်းသူ သံဃာ ဦးယပ၊ သက်တော် ၆၉ နှစ်၊ ဇီးဖြူပင်ကျောင်းတိုက်၊ တောင်ငူမြို့နယ် နေသူတို့မှာ ရရှိသော ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ရှေ့ခေါင်းခန်းတွင် လိုက်ပါသော ဦးတင်ဝင်း၊ တောကျွဲအင်းမြို့နေသူမှာ ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ) ရရှိသွားခဲ့ကြောင်း၊ မော်တော်ယာဉ်မှာ ယာဘက်ဘေး တံခါးနှင့် ကိုယ်ထည်တို့ ပိန်ချိုင့်ပျက်စီး သွားခဲ့ပြီး သေဆုံးသူ အမျိုးသား နှစ်ဦးအလောင်းနှင့် ထိခိုက်ဒဏ်ရာ ရရှိသူတို့အား အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြို့ချောင်းအမြန်လမ်း ရဲစခန်းမှ သိရသည်။
အဆိုပါ ယာဉ်မတော်တဆမှုနှင့် ပတ်သက်ပြီး လူများသေဆုံး ထိခိုက်ဒဏ်ရာ ရရှိအောင် မော်တော်ယာဉ်အား မဆင်မခြင် မောင်းနှင်သည့် ယာဉ်မောင်း ဦးမြင့်ဝေအား မြို့ချောင်း အမြန်လမ်းမကြီးရဲစခန်းမှ ယာဉ် (ပ) ၁၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
အမြန်လမ်းမကြီးပေါ်တွင် ဩဂုတ် ၃ ရက်နေ့က ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုများကြောင့် တစ်ရက်ထဲတွင် လူ ၆ ဦးထက်မနည်း သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
