Top News

ရွှေပြည်သာ မြို့နယ်တွင် ယာဉ်နှစ်စီး တိုက်မိပြီး အမျိုးသမီး ငါးဦး သေဆုံး
24htopnews | December 18, 2024 10:12 PM CST

ရွှေပြည်သာမြို့နယ်တွင် ယာဉ်နှစ်စီးတိုက်မိပြီး အမျိုးသမီး ငါးဦးသေဆုံးမှု ဩဂုတ် ၁၀ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဩဂုတ် ၁၀ ရက်၊ည ၆ နာရီခွဲကျော်ခန့်တွင် ရွှေပြည်သာမြို့နယ်၊ဗိုလ်ချုပ်အောင်ဆန်းလမ်းမ၊ရေစင်မှတ်တိုင်အနီး ယာဉ်နှစ်စီးတိုက်မိကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ သွားရောက်ခဲ့သည်။

တိုက်ခဲ့သည့် ယာဉ်နှစ်စီးမှာ မှန်လုံယာဉ်အမျိုးအစားယာဉ်နှင့် ဒိုင်နာအမျိုးအစားယာဉ်ဖြစ်ပြီး နှစ်စီးလုံးမှာ အလုပ်သမား ကြို/ပို့ယာဉ်ဖြစ်ကြောင်း၊ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ငါးဦး သေဆုံးခဲ့ကြောင်း အခင်းဖြစ်နေရာအား သွားရောက်ခဲ့သည့် ဂရုဏာကမ်းလက် လူမှုကူညီကယ်ဆယ်ရေးမှ စုံစမ်းသိရှသည်။

“လူနာ လက်ရှိက ၃၃ဦး ပါ။လတ်တလော စိုးရိမ်ရတဲ့ လူနာ နှစ်ဦးကို မြောက်ဥက္ကလာ ပို့ထားပါတယ်။ သေဆုံးသူကတေ့ လက်ရှိ အမျိုးသမီး ၅ ဦးပါ။တိုက်မိတဲ့ နှစ်စီးလုံးက ဖယ်ရီကားပါ” ဟု ဂရုဏာကမ်းလက် လူမှုကူညီကယ်ဆယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယာဉ်တိုက်မှုဖြစ်ပွားခဲသည့်နေရာသို့ သက်ဆိုင်ရာတာဝန်ရှိသူများအပြင် အခြား ပရဟိတအဖွဲ့များ လာရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK