Facebook တွင် မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့အား ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် အကြည်ညိုပျက်အောင် ပို့စ်တင်ခဲ့သည်ဟုဆိုကာ ၁၂၄ (က) ဖြင့် တရားစွဲခံရသည့် ရွှေခီးအကောင့်ပိုင်ရှင် (ဦးလှဝင်း) အမှုကို သြဂုတ် ၁၁ ရက်က အနောက်ပိုင်းခရိုင်တရားရုံးတွင် တတိယအကြိမ် ရုံးထုတ်ခဲ့ပြီး အချုပ်လွတ်ထုချေခွင့်ပြုရန် လျှောက်ထားခဲ့ကြောင်းသိရသည်။
ထို့ပြင် အမှု၏တရားလိုဖြစ်သူ ဗဟန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိန်ကြည်အား စတင်စစ်ဆေးခဲ့ပြီး ဦးလှဝင်း၏ အချုပ်လွတ် ထုချေခွင့်လျှောက်ထားမှုနှင့် ပက်သတ်၍ လာမည့်ရုံးချိန်းတွင် နှစ်ဖက်လျှောက်လဲချက် ကြားနာသွားမည်ဖြစ်ကြောင်းသိရသည်။
အနောက်ပိုင်းခရိုင် တရားရုံးသတင်း ပြန်ကြာရေးအရာရှိ ဒုခရိုင်တရားသူကြီး (၅) ဦးဇော်ဇော်ထွန်းက “စွပ်စွဲခံရသူ ဦးလှဝင်းရဲ့ ရှေ့နေက စွပ်စွဲခံရသူအား အချုပ်လွတ်ထုချေ ခွင့်ပြုရန် လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ လာမည့်ရုံးချိန်းမှာ ယင်းလျှောက်ထားချက်အပေါ် နှစ်ဖက်လျှောက်လဲချက်ကြားနာသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ထို့နောက် အနောက်ပိုင်းခရိုင်တရားရုံးက ရွှေခီး(ခေါ်)ဦးလှဝင်းထံမှ သိမ်းဆည်းရမိသော ဖုန်းတစ်လုံးကို သက်သေခံအဖြစ် လက်ခံခဲ့ပြီး ယင်းဖုန်းအတွင်းမှ မှုခင်းနှင့်ဆိုင်သည့် အချက်အလက်များကို မှုခင်းတပ်ဖွဲ့သို့ ပေးပို့စစ်ဆေးပေးရန် တရားလိုဖက်မှ ဥပဒေအရာရှိ၏ လျှောက်ထားချက်အပေါ် စွပ်စွဲခံရသူ၏ရှေ့နေက ကန့်ကွက်ခဲ့ကြောင်း သိရသည်။
“စွပ်စွဲခံရသူ ဦးလှဝင်းလက်ဝယ်မှာ သိမ်းဆည်းရမိတဲ့ လက်ကိုင်ဖုန်းကို သက်သေခံအဖြစ် လက်ခံပြီးတော့ ဖုန်းအတွင်းရှိ မှုခင်းနှင့်သက်ဆိုင်သော သတင်းအချက်အလက်များကို မှုခင်းတပ်ဖွဲ့သို့ ပေးပို့စစ်ဆေးပေးပါရန် ဒီအမှုရဲ့ အမှုလိုက်ဥပဒေအရာရှိက လျှောက်ထားချက်အပေါ်ကို စွပ်စွဲခံရသူရဲ့ရှေ့နေက ကန့်ကွက်ခဲ့တဲ့အတွက် နှစ်ဖက်လျှောက်လဲချက်ကြားနာခဲ့ပါတယ်” ဟု တရားရုံး သတင်းပြန်ကြားရေးအရာရှိက ပြောကြားခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ လာမည့်သြဂုတ် ၁၈ ရက် ရုံးချိန်းတွင် အမိန့်တစ်ရပ်ချမှတ်သွားမည်ဖြစ်ပြီး တရားလိုဖြစ်သူ ဗဟန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ကြည်ကို ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
အမှုတွင် တရားလိုဖက်မှ တရားလိုပြသက်သေ ခြောက်ဦးတင်ပြထားပြီး စွပ်စွဲခံရသူဘက်မှ လိုက်ပါဆောင်ရွက်ရန် ရှေ့နေသုံးဦး ကိုယ်စားလှယ်လွှဲစာ တင်ထားသည်။
ဗဟန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ကြည်က တရားလိုပြုလုပ်ပြီး ဦးလှဝင်းဆိုသူအပေါ် ရွှေခီး Facebook အကောင့်ဖြင့် မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့အား ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် အကြည်ညိုပျက်အောင် Chat Box တွင် ဆွေးနွေးပြောကြားထားသယောင် ဖန်တီးထားသည့် Screen Shot များဖြင့် သတင်းအမှားဖြန့်ချိထားမှုအတွက် ရာဇသတ်ကြီးပုဒ်မ ၁၂၄(က) အရ အရေးယူပေးရန် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့ကြောင်း အနောက်ပိုင်းခရိုင် တရားရုံးသတင်းပြန်ကြားရေးမှ သိရသည်။
ထို့နောက် ဇူလိုင် ၂၃ ရက်တွင် ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့က စွပ်စွပ်ခံရသူ ရွှေဖီးအကောင့်ပိုင်ရှင် ဦးလှဝင်းကို ရုံးရှေ့သို့ဖမ်းဆီးတင်ပို့ကာ ချုပ်မိန့်ပေးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဦးလှဝင်းအမှုကို ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် ၂၀၂၀ ပြည့်နှစ် ရာဇဝတ်ကြီးအမှုအမှတ် ၇၃ ဖြင့်စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
