ချောင်းသာ၊ ငွေဆောင်ရှိ ဟိုတယ်၊ တည်းခိုခန်းများ၌ New Year မတိုင်မီရက်များကပင် ကြိုတင်ဘိုကင်ရယူထားသူများပြားနေကြောင်း သိရသည်။
"နိုင်ငံခြားသားတွေကတော့ ငွေဆောင်ကို ပိုသဘောကျကြတယ်။ အများပြည်သူ အားလပ်ရက်တွေဆို ပြည်တွင်း ပြည်ပ ခရီးသွား များပါတယ်။ ခရီးသွား ရာသီကတော့ ပိုတာပေါ့။ ခုလို ဒီဇင်ဘာလထဲဆို နောက်ဆုံးပတ်ထဲအများဆုံးပါပဲ။ ဟိုတယ် တည်းခိုခန်းတွေ ကြိုတင်ဘိုကင် ယူထားကြသူအတော်များတယ်"ဟု ငွေဆောင်မှ ဒေသခံတစ်ဦးက ဖြေကြားသည်။
"ချောင်းသာမှာလည်း ဟိုတယ်ဘိုကင်တွေက အတော်ပြည့်နေပြီ။ နယ်ဝေးကမိတ်ဆွေတွေ အတွက်လိုလို့ ကျွန်တော်တို့လည်း ကြိုပြီး လိုက်ရှာပေးနေတာ။ ဟိုတယ်တွေမှာ အခန်းမရတော့ဘူး။ တည်းခိုခန်းတွေမှာလည်း ကျွန်တော် အခုလိုက်ချိတ်တာနှံ့နေပြီ။ မရဘူး။ New Year မတိုင်ခင် ၁၉ ရက်နေ့လောက်ကစပြီး မရတော့ဘူး။ အနည်းဆုံး ၂ ရက်၊ တချို့ဆို ၄၊ ၅ ရက် ယူထားတဲ့သူတွေတောင်ရှိတယ်။ New Year ရက်နားဆို ရွာထဲလည်း ပြည့်တာပါပဲ။ ချောင်းသာက ရွှေသောင်ယံ ကမ်းခြေနဲ့လည်းနီးတော့ တစ်ဆက်တည်းသွားရောက်နိုင်တာကြောင့် စိတ်ဝင်စားကြသူများပါတယ်"ဟု ချောင်းသာကမ်းခြေမှ ဧည့်လမ်းညွှန်တစ်ဦးက ဖြေကြားသည်။
ခရီးသွားရာသီဖြစ်သည့် ဒီဇင်ဘာလအတွင်း၌ အများပြည်သူရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်၊ ခရစ်စမတ်ရက်၊ New Year ရက်တို့၌ ခရီးသွားအများအပြားဖြင့် ချောင်းသာ၊ ငွေဆောင်ကမ်းခြေတို့၌ ပုံမှန်ထက်ပိုမိုစည်ကားလေ့ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
