ပဲခူးမြို့နယ် အင်းတကော်မြို့၊ သာယာအေးကျေးရွာအုပ်စု၊ ကွမ်ပေါင်ကျေးရွာတွင် ပဲခူးမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့ရာမှ လူနေအိမ်များပြိုကျပျက်ဆီးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ပဲခူးမြစ်ရေတိုက်စားမှုကြောင့် ဒီဇင်ဘာလ (၁၇) ရက်နေ့ ညနေ (၄) နာရီအချိနခန့်က စတင်ကာ ကွမ်ပေါင်ကျေးရွာ မြစ်ကမ်းဘေးရှိ မြေသားများအက်ကွဲကြောင်းများဖြစ်ပေါ်လာကာ မြေပြိုကျခဲ့ခြင်းဖြစ်ကြောင်းနှင့် လူနေအိမ်များလည်း ပြိုကျပျက်ဆီးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ကမ်းမပြိုခင် မြေကြီးပေါ်မှာ အက်ကွဲကြောင်းကြီးတွေအရင်ပေါ်လာတာ။ ပြီးတာနဲ့ မြေကြီးတွေပြိုဆင်းကုန်တာပါ။ လောလောဆယ် ကျေးရွာဆေးပေးခန်းအပါအဝင် အဆောက်အအုံ (၇) လုံးလောက်က ကမ်းပြိုတဲ့အထဲပါသွားပြီး။ တချို့ကမ်းနဲ့နီးတဲ့နေအိမ်တွေကိုလည်း ဖျက်ဆီးပြောင်းရွှေ့တာတွေလုပ်ဆောင်နေကြရတယ်” ဟု ပြောကြားသည်။
အဆိုပါ ကမ်းပြိုမှုကြောင့် ကွမ်ပေါင်ကျေးရွာမြစ်ကမ်းဘေးရှိ ဦးငယ်ငယ် နှင့် ဦးဌေးဆိုင်ဆိုသူတို့၏ နေအိမ်တဲ (၂) လုံး၊ ဦးဇော်ဦး ဆိုသူ၏ တိုက်ခံအဆောက်အအုံ နေအိမ် (၁) လုံး၊ ဦးအေးကို ဆိုသူ၏ ပျဉ်ခင်းပျဉ်ကာ သွပ်မိုးနေအိမ် (၁) လုံး၊ ဒေါ်ညိုဝင်း ဆိုသူ၏ တိုက်ခံအဆောက်အုံနေအိမ် (၁) လုံး၊ ဦးသောင်းဆိုသူ၏ ပျဉ်ခင်းပျဉ်ကာနေအိမ် (၁) လုံး၊ ကွမ်ပေါင်ကျေးရွာဆေးပေးခန်း တိုက်ခံအဆောက်အအုံ (၁) လုံး နှင့် ဒေါ်စန်းစန်းဝင်း ဆိုသူ၏ ခြံမြေများ ပြိုကျပျက်ဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ ပဲခူးမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုများဖြစ်ပေါ်နေသည့် ပဲခူးမြို့နယ် အင်းတကော်မြို့၊ သာယာအေးကျေးရွာအုပ်စု၊ ကွမ်ပေါင်ကျေးရွာအတွင်း ဒေသခံပြည်သူများအနေဖြင့် အကူအညီများ အရေးပေါ်လိုအပ်နေကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ဘိုဘိုမြင့်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
