မန္တလေးမြို့ပေါ် ရှိ မြို့နယ်များတွင် ဝမ်းပျက်ဝမ်းလျော ဖြစ်ပွားမှုများရှိပြီး ကျန်းမာရေးဌာနမှလည်း စာသင် ကျောင်းနှင့် ရပ်ကွက်များတွင်း ကာကွယ်ဆေး တိုက်ကျွေးခြင်း၊ ကာကွယ်ဆေး ခပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မန္တလေးမြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းမှ စတင်ကာ ဝမ်းပျက်ဝမ်းလျောဖြစ်ပွားခြင်းကြောင့် ဆေးရုံတက်ရောက်ကုသရသည့် လူနာများရှိခဲ့ပြီး ရပ်ကွက်အတွင်း ဆေးခန်းအချို့တွင်လည်း ဖျားနာခြင်းနှင့်အတူ ဝမ်းပျက်ဝမ်းလျောဖြစ်ပွားကာ လာရောက်ကုသသည့် လူနာများရှိခဲ့ကြောင်း ထို့အတူ ကျန်းမာရေးဌာနမှ ကာကွယ်ဆေးတိုက်ကျွေးသည့် အစီစဉ် ဆောင်ရွက်မှုများလည်းရှိကြောင်း ဝမ်းလျောဝမ်းပျက်ဖြစ်ပွားကာ ဆေးကုသမှုခံယူခဲ့ရသူများနှင့် ရပ်ကွက်နေပြည်သူများ၏ ပြောကြားချက်အရ သိရသည်။
"ဦးလေးဖြစ်တာက ပြီးခဲ့တဲ့ ၁၁ လပိုင်း လလယ်လောက်တုန်းကပါ။ တညနေထဲနဲ့ ညပိုင်းကြမနေနိုင်လို့ ပုဂ္ဂလိက ဆေးရုံတစ်ခုမှာ တက်ခဲ့ရတယ်။ အာ့တုန်းက ဆေးရုံက ဆရာမ တွေအပြောအရ ဒီရက်ပိုင်း ဝမ်းလျောပြီး ရောက်လာတဲ့သူ တွေများတယ်လို့ ပြောတယ်။ အာ့တုန်းကဖြစ်တဲ့ ပုံစံက ပထမ တုပ်ကွေးလိုဖျားတယ်။ နောက်ရက်ကြ ညနေပိုင်းလောက်မှာ အစာအဆိပ်သင့်သလိုပုံစံနဲ့ အန်တယ်၊ ဝမ်းလျောတယ် အာ့မှာ ညပိုင်းဆေးရုံတက်ခဲ့ရတယ်။ လူက ချက်ခြင်း ပျော့ဖက်သွားတယ်။ ဆေးရုံမှာ ၂ ရက်လောက်တက်ပြီးသက်သာလာတယ်"ဟု နိုဝင်ဘာလအတွင်းကဝမ်း လျောရောဂါဖြစ်ပွားမှု ကြောင့် ဆေးကုသခံခဲ့ရသူ မန္တလေးမှ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးကပြောကြားသည်။
နိုဝင်ဘာလအတွင်းမှ စတင်ကာ ရပ်ကွက်အတွင်းဆေးခန်းများတွင်လည်း ဝမ်းပျက်ဝမ်းလျောဖြစ်ပွားမှု ကြောင့် လာရောက်ကုသသည့် လူနာများပါဝင် လေ့ရှိပြီး လက်ရှိအချိန်ထိဖြစ်ပွားလူနာများရှိ ကြောင်း အထွေထွေရာဂါကု ဆေးခန်းတွင် ကုသမှုပေးနေသည့် ဆရာဝန်တစ်ဦး၏ ပြောကြားချက်အရသိရသည်။ထို့အတူ ယခုရက်ပိုင်းအတွင်း လူမှုကွန်ယက်စာမျက်နှာများတွင် မန္တလေးမြို့၌ဝမ်းပျက် ဝမ်းလျောဖြစ်ပွားခြင်းကြောင့် ဆေးရုံတက်ရောက်ကုသရသော လူနာရှင်များ၏ မျှဝေအသိပေးမှုများလည်း မြင်တွေ့ရလျက်ရှိသည်။
"ကျောင်းမှာတော့ ပြီးခဲ့နိုဝင်ဘာလလယ်လောက်က ကျန်းမာရေးဌာနကဝမ်းပျက်ဝမ်းလျောကာကွယ် ဆေးလာတိုက်တယ်။ ပါးစပ်ထဲ အစက်လေး တွေချ ပေးတာပဲ။ တချို့လည်း ဆေးသောက်ပြီး ဖျားကြတာရှိတယ်။ kg က အစ အကုန်သောက်ရတယ်"ဟု မန္တလေးမြို့ရှိ ဘက ကျောင်းတွင် တက်ရောက်သင်ကြားနေသော အထက်တန်းကျာင်းသူတစ်ဦးကပြောသည်။
ကျန်းမာရေးဌာနမှ သက်ဆိုင်ရာ မြို့နယ်အလိုက် ကျန်းမာရေးဝန်ထမ်းများမှလည်း ရပ်ကွက်နေအိမ်များအတွင်း ဝမ်းပျပ်ဝမ်းလျော ကာကွယ်ဆေး ကာကွယ်ရေးအဖြစ် အိမ်သုံးရေ၊ ရေကန်၊ သောက်ရေဗူးများအတွင်း ဆေးလိုက်လံခပ်ခြင်းများဆောင်ရွက်မှုရှိခဲ့ကြောင်း သိရသည်။
"ဟုတ်တယ် အရင်လထဲကပဲ ရက်တော့အတိအကျမသိတော့ဘူး။ အန်တီတို့ နေတဲ့ဘက်တော့အိမ်တွေမှာ တစ်အိမ်တက်ဆင်းနဲ့ ကျန်းမာ ရေးဝန်ထမ်းတွေက အိမ်သာ တွေကြည့်တယ်။ သောက်သုံး ရေကန် တွေထဲ ဆေးခပ်ခဲ့တယ်။ နောက်ပြီး ရေသန့်သောက် ရေဗူး တွေပါဖွင့်ပြီး ဆေး တွေခပ်ခဲ့တယ်။ မှာခဲ့တာက ဝမ်းလျောရောဂါကာကွယ် ဆေးခပ်ထားလို့ ဘယ်အချိန်ထိထားပြီးမှ သုံးပါ။ ဝမ်းလျော ဝမ်းပျက်ဖြစ်ခဲ့ရင် နီးစပ်ရာ ဆေးရုံသွားပါ ဆိုပြီး မှာခဲ့တယ်။ လူတွေကိုတော့ ဆေးမတိုက်သွားဘူး"ဟု ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောကြားသည်။
လက်ရှိ ဝမ်းပျက် ဝမ်းလျောရောဂါ ဖြစ်ပွားခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကျန်းမာရေး ဌာန၏ ဆိုရှယ်မီဒီယာစာမျက်နှာတွင် ယခုရက်ပိုင်းအတွင်း သီးသန့် သတင်းထုတ်ပြန်ထားခြင်း မရှိဘဲ နိုဝင်ဘာ ၁၈ ရက်နေ့စွဲနှင့် 'မန္တလေးတိုင်းဒေသကြီးတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ ကာကွယ်ဆေး (Oral Cholera Vaccine - OCV ) စတင်တိုက်ကျွေးခြင်း' ခေါင်းစဉ်ဖြင့် သတင်းထုတ်ပြန်ဖော်ပြထားခြင်း တွေ့ရပြီး ပြင်းထန်ဝမ်းပျက်ဝမ်း လျောရောဂါနှင့်ပတ်သက်၍ အသိပညာပေး လက်ကမ်းစာစောင်တင်ကာ အသိပေးခြင်းများ လုပ်ဆောင်ထားသည်ကို တွေ့ရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
