ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် နှင့် ဘိုကလေးမြို့နယ်တို့တွင် ဒီရေတောပင် (လမုပင်) တစ်သိန်းခွဲဝန်းကျင် စိုက်ပျိုးခဲ့ ကြောင်း UN Habitat က ဆိုသည်။
ဖျာပုံမြို့နယ်တွင် ဧကပေါင်း ၇၅ ဧက၊ အပင်ပေါင်းရှစ်သောင်းကျော်နှင့် ဘိုကလေး မြို့နယ်တွင် ဧကပေါင်း ၅၀၊ အပင်ပေါင်း ခြောက်သောင်းကျော်ကို ၂၀၂၄ ခုနှစ် မိုးရာ သီအကုန်တွင် စိုက်ပျိုး နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းစိုက်ပျိုးမှုကို မြန်မာနိုင်ငံ ဆိုင်ရာဥရောပသမဂ္ဂက ကူညီခဲ့ပြီး ရပ်ရွာလူထု ပူးပေါင်းပါဝင်မှုဖြင့် UN Habitat က ဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။
ဒေသတာဝန်ခံဖြစ်သူ ဦးဝင်းနိုင်က “အ ဓိကထိန်းသိမ်းစေချင်တော့ ကျေးရွာပိုင် သစ် တော (community forest) ထဲမှာ စိုက်ရတာ ပါ့။ ထိန်းသိမ်းရေးအတွက်တော့ ဒေသခံတွေ က အဓိကပဲ။ သူတို့ကို သင်တန်းပေးပေါ့။ အရင်တုန်းက ဒီတောတွေ မပြုန်းခင်ကလည်း သူတို့ပဲ အကျိုးခံစားရတာ။ အခုလည်း အဲဒီ အကျိုးကျေးဇူးတွေ သူတို့တာဝန်ယူပြီး ခံစား ဖို့ ဝိုင်းဝန်းလုပ်ပေးတာပေါ့။ ဒီလိုလုပ်ဆောင် ချက်တွေက နားလို့မရတော့ စဉ်ဆက်မပြတ် သေတာ ဖာလိုက်။ တိုးချဲ့စိုက်လိုုက်တွေက လုပ်နေရဦးမှာ” ဟု ပြောကြားသည်။
ဒီရေတောများက သားငါး သယံဇာတ ဖွံ့ဖြိုးမှု၊ အသက်မွေးဝမ်းကျောင်း အထောက် အကူဖြစ်မှု၊ သဘာဝဘေးဒဏ်ကာကွယ်မှုကို လျော့ပါးသက်သာစေနိုင်ကြောင်း လေ့လာမှု များက ဆိုသည်။
လယ်ယာချဲ့ထွင်ခြင်း၊ ထင်းခုတ်ခြင်း၊ မီးသွေးဖုတ် ခြင်းများကဲ့သို့ စိန်ခေါ်ချက်များ ရှိနေသော်လည်း ရေရှည်ထိန်းသိမ်းရေးနှင့် သားငါးသစ်တော ရောနှောဆောင်ရွက်ခြင်း များကို ထိန်းသိမ်းရာတွင် ပါဝင်နေသည့် ဒေ သခံများကိုလည်း စဉ်ဆက်မပြတ် သင်တန်း ပေးခြင်း၊ နည်းပညာပေးခြင်း၊ ပြဿနာများ စုပေါင်းဖြေရှင်းများကို လုပ်ဆောင်နေရဆဲ ဖြစ်ကြောင်း သိရသည်။
ကိုင်ရိုမြို့တွင် ကျင်းပခဲ့သည့် ဆယ့်နှစ် ကြိမ်မြောက် World Urban Forum (ကမ္ဘာ့ မြို့ပြဖိုရမ်) ၏ call to action (လုပ်စေချင်သည့် အကြောင်းအရာများ) တွင် ပါဝင်ဆွေးနွေး ခဲ့သည့် အကြောင်းအရာကို UN-Habitat
က အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြောင်း ယင်းဌာနက ထုတ်ပြန်သည်။
နိုင်ငံ၏ မူဘောင်များနှင့် ဒေသတွင်း ရပ်ရွာလူထု၏ ထိရောက်သော ပါဝင်မှုများက ကမ္ဘာ့လုံးဆိုင်ရာ ပန်းတိုင်များ လက်တွေ့အ ကောင်အထည်ဖော်ရာတွင် ထိရောက်မှုရှိနေ ဆဲဖြစ်ကြောင်း၊ ဒေသခံ ရပ်ရွာလူထုက လုပ် ဆောင်သည့် ပေါင်းစပ်ဖြေရှင်းနည်းများကလည်း ကမ္ဘာ့မြို့ပြ တိုးတက်ရေး မဟာဗျူဟာ များနှင့် ပေါင်းစပ်ပြီး အကျိုးရလဒ်များနှင့် ရေရှည်တည်တံ့မှုကို မြှင့်တင်ပေးနေမည်ဖြစ် ကြောင်းလည်း ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် မြစ်ဝကျွန်းပေါ် ဒီရေ တောနှင့် ကမ်းရိုးတန်း ဒီရေတော နှစ်မျိုးစလုံး တွေ့ရပြီး ဒေသခံ ဇီဝမျိုးစုံမျိုးကွဲများအတွက် မရှိမဖြစ် အဖိုးတန်သော သဘာဝသယံဇာတ များ ဖြစ်သည်။
မြန်မာနိုင်ငံသည် (World Mangrove Atlas 2010) မှတ်တမ်းအရ ကမ္ဘာ ပေါ်တွင် ခုနစ်နိုင်ငံမြောက် ဒီရေတောဧရိယာအများဆုံး ဖြစ်ကြောင်း သိရသည်။ ဒီရေတော ၅၀၂၉၁၁ ဟက်တာ (၁၂၃၂၁၉၀ ဧက) ရှိပြီး မျိုးစိတ် ပေါင်း ၃၄ မျိုးကို မှတ်တမ်းတင်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
