Top News

လိဂ်ဖလားကွာတားဖိုင်နယ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
24htopnews | December 18, 2024 2:12 PM CST

ဆောက်သမ်တန် နှင့် လီဗာပူးလ်

မကြာသေးခင်က ပရီးမီးယားလိဂ်ပွဲမှာ တွေ့ဆုံထားပြီး လီဗာပူးလ်အသင်းက ဆာလာရဲ့ ဒုတိယပိုင်းဂိုးတွေနဲ့ အနိုင်ယူထားခဲ့တယ်။ ဆောက်သမ်တန်အနေနဲ့ ပရီးမီးယားလိဂ်ဘက်ကိုပဲ လုံးလုံးလျားလျား အာရုံစိုက်ရတော့မယ့်အချိန် ရောက်နေလို့ လိဂ်ဖလားဘက်ကို ဖိဖိစီးစီး ကစားမယ်မထင်ဘူး။ လီဗာပူးလ်အသင်းက အစောပိုင်းအဆင့်တွေမှာ ဝက်စ်ဟမ်း၊ ဘရိုက်တန်အသင်းတွေကိုတောင် ကျော်ဖြတ်ခဲ့တာဖြစ်ပြီး နည်းပြ အာနယ်ဆလော့အနေနဲ့ ယခင်အဆင့်တွေအတိုင်း အရန်ကစားသမားတချို့ကို ထုတ်သုံးလာနိုင်တယ်။ အဝေးကွင်းဖြစ်ပေမဲ့ လက်ရှိချန်ပီယံ ဂုဏ်သိက္ခာလည်းရှိတဲ့ လီဗာပူးလ်ကိုပဲ ရွေးချယ်ထားချင်တယ်။

အာဆင်နယ် နှင့် ခရစ္စတယ်ပဲလေ့စ်

အာဆင်နယ်အသင်းက ပွဲကျပ်ကာလကို ပြိုင်ပွဲစုံ (၈)ပွဲဆက်တိုက် ရှုံးပွဲမရှိရလဒ်နဲ့ ဖြတ်သန်းနိုင်ခဲ့တယ်။ အိမ်ကွင်းလည်းဖြစ်ပြီး ပဲလေ့စ်အသင်းထက်လည်း ခြေစွမ်းပိုင်းသာလို့  အာဆင်နယ်အနေနဲ့ အခက်အခဲ မရှိလောက်ဘူး။ နည်းပြ အာတေတာအနေနဲ့ အခုပွဲမှာလည်း အရန်ကစားသမားတွေနဲ့ တွဲပွဲထုတ်တာမျိုးတွေ ရှိလာနိုင်တယ်။ ပဲလေ့စ်က လတ်တလော အဝေးကွင်း Form ကောင်းနေပြီး (၅)ပွဲဆက် ရှုံးပွဲမရှိခဲ့ဘူး။  အာဆင်နယ်ကိုပဲ ကြိုက်တယ်။

နယူးကာဆယ် နှင့် ဘရန့်ဖို့ဒ်

ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အထက်အောက် နှစ်သင်းတွေ့ဆုံကြတာဖြစ်ပြီး ရမှတ်ချင်လည်း တိုက်ဆိုင်စွာ တူညီနေတယ်။ နယူးကာဆယ်အသင်းက လေးပွဲဆက်  နိုင်ပွဲပျောက်ထားမှုကို လက်စတာအသင်းအား ဂိုးပြတ်အနိုင်ယူပြီး အဆုံးသတ်နိုင်ခဲ့တယ်။ ဘရန့်ဖို့ဒ်ရဲ့အဝေးကွင်းအားနည်းမှုက ဒီပွဲမှာ အဓိကစကားပြောနိုင်တယ်။ ဒီရာသီ အဝေးကွင်း (၁၀) ပွဲမှာလည်း တစ်ပွဲသာ အနိုင်ရထားပါတယ်။ နယူးကာဆယ်ပဲ နိုင်ဖို့များတယ်။


READ NEXT
Cancel OK