Top News

ပြင်သစ်လီဂူးနှင့် ကိုပါအီတာလီယာပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
24htopnews | December 18, 2024 2:12 PM CST

ပြင်သစ်လီဂူး

မိုနာကို နှင့် PSG


ပြင်သစ်လီဂူး ချန်ပီယံပြေးလမ်းပေါ်က ပြိုင်ဘက်နှစ်သင်းရဲ့ စူပါဖလားအကြို အားစမ်းပွဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ နှစ်သင်းစလုံး အကောင်းဆုံးပုံစံမှာ ရှိမနေကြပါဘူး။ အထူးသဖြင့် ပြိုင်ပွဲစုံနောက်ဆုံး(၅)ပွဲမှာ နိုင်ပွဲ(၁)ပွဲသာရခဲ့တဲ့ မိုနာကိုအသင်း ရုန်းကန်နေရချိန်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ မိုနာကိုအသင်းက အိမ်ကွင်းမှာတော့ အမှားအယွင်းနည်းအောင် ကစားတတ်ပါတယ်။ PSG ကိုလည်း အိမ်ကွင်းမှာ နောက်ဆုံး(၄)ပွဲဆက် မရှုံးခဲ့ပါဘူး။ ဒါကြောင့် ဒီပွဲမှာလည်း မိုနာကိုအသင်း အနည်းဆုံး သရေရလဒ်ရရှိအောင် ကစားနိုင်ခြေရှိပါတယ်။

အီတလီကိုပါအီတာလီယာ

အတ္တလန်တာ နှင့် စီဆီနာ


အတ္တလန်တာကလည်း စီးရီးဘီကလပ် စီဆီနာနဲ့ ဆုံတွေ့ရတာဖြစ်ပေမဲ့ စီဆီနာက စီးရီးဘီမှာ အဆင့်(၅)နေရာ ရောက်နေတာကြောင့် သတိထားဖို့တော့ လိုပါလိမ့်မယ်။ ဒါပေမဲ့ အတ္တလန်တာအသင်းကလည်း ဒီရာသီမှာ ထူးထူးခြားခြား စွမ်းဆောင်ပြနေပါတယ်။ စီးရီးအေမှာ နိုင်ပွဲတွေဆက်နေတာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာတောင် ဦးဆောင်ခွင့်ရနေပါတယ်။ ဒါကြောင့် အတ္တလန်လာကို စီဆီနာအသင်း ဒုက္ခပေးနိုင်ဖို့ မရှိပါဘူး။ နှစ်သင်းဆုံတွေ့ခဲ့ဖူးတဲ့ မှတ်တမ်းမှာလည်း အတ္တလန်တာက စီဆီနာကို မရှုံးခဲ့ဖူးပါဘူး။ အတ္တလန်တာရဲ့ ဂိုးပြတ်နိုင်ပွဲကို မြင်တွေ့ရနိုင်ပါတယ်။

ရိုးမား နှင့် ဆမ်ဒိုးရီးယား

ဆမ်ဒိုးရီးယားက စီးရီးဘီမှာတောင် ဇယားအောက်ဘက် ရောက်နေပါတယ်။ လတ်တလောကာလမှာ နိုင်ပွဲပျောက်နေတာလည်း တော်တော်လေးကြာနေပါပြီ။ ရိုးမားကလည်း ဒီရာသီမှာ နည်းပြ(၃)ဆက်ပြောင်းလဲရတဲ့အထိ မတည်မငြိမ်ဖြစ်နေပေမဲ့ ဝါရင့်နည်းပြ ရာနီရေးရီလက်ထက်မှာ အခြေအနေကောင်းလာတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ရိုးမားအသင်းက စီးရီးအေမှာ စိတ်ချလက်ချဖြစ်နိုင်တဲ့အနေအထားဖြစ်အောင် ဦးစားပေးရဖို့ လိုနေတာကြောင့် ကိုပါအီတာလီယာမှာ အားထည့်ပါ့မလားဆိုတာ တွေးစရာရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီပွဲမှာတော့ ရိုးမားအသင်း အနိုင်ကစားမှာပါ။


READ NEXT
Cancel OK