Top News

အာဆင်နယ်တိုက်စစ်က လုံလောက်ရဲ့လား
24htopnews | December 18, 2024 2:12 PM CST

အာဆင်နယ်အသင်းလို့ ဆိုလိုက်တာနဲ့ တိုက်စစ်အသားပေး၊ ညက်ညောမှုအသားပေး ကစားဟန်တွေနဲ့ တွဲမြင်တတ်ကြတာဟာ အာစင်ဝင်းဂါး လက်ထက်ကနေ အာတီတာလက်ထက်အထိပါပဲ။ ဝင်းဂါးရဲ့ အနီးကပ်အတိုပေးတွဲလုံးတွေဟာ ပရိသတ်များစွာကို ဆွဲဆောင်ဖူးပါတယ်။ အာတီတာဟာလည်း ဂွါဒီယိုလာအယူအဆတွေနဲ့ ရင်းနှီးသူပီပီ ဘောလုံးပိုင်ဆိုင်မှု အသားပေး၊ တိုက်စစ်အသားပေးပုံစံကို အဓိကထားသုံးစွဲပါတယ်။ ဒါကို ဂွါဒီယိုလာဆန်တယ်လို့ ပြောကြပါစို့။ ဒါပေမဲ့ ခံစစ်ကို စနစ်တကျ ပိတ်ဆို့ပြီး အားသာချက်တွေကို ယူတတ်ခြင်းဟာ မော်ရင်ဟိုဆန်တယ်လို့ ပြောမယ်ဆိုရင် အာတီတာဟာ မော်ရင်ဟိုလည်း ဆန်တတ်တာကို မြင်ရပါတယ်။ အာဆင်နယ်က ပွဲအတော်များများမှာ တိုက်စစ်စွမ်းဆောင်ရည်ကိုထုတ်ပြပြီး ပြိုင်ဘက်တွေကို ဆွံအစေခဲ့သလို အချို့ပွဲစဉ်တွေမှာလည်း သူတို့ရဲ့ ခံစစ်ထိန်းချုပ်မှုစွမ်း အင်တွေကို ပြခဲ့တယ်။ ဒါဟာ မနှစ်က ပေးဂိုးအနည်းဆုံးအသင်းတစ်သင်းအတွက် သိပ်မဆန်းလှပါဘူးလို့ ဆိုချင်ဆိုကြလိမ့်မယ်။ ဒါပေမဲ့ ဒီပွဲတွေက စွမ်းဆောင်ရည်က ခံစစ်ကောင်းခြင်းဂုဏ်ပုဒ်ထက် ပိုတယ်။


READ NEXT
Cancel OK