ဘရာဇီးလ် နာမည်ကျော်တိုက်စစ်မှူးဟောင်းဖြစ်သူ ရော်နယ်လ်ဒိုက ဘရာဇီးဘောလုံးအဖွဲ့ချုပ် (CBF) ဥက္ကဋ္ဌ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အတည်ပြု ကြေညာခဲ့သည်။
ထို့ပြင် ၎င်းက ဘရာဇီးလ်လက်ရွေးစင် အသင်း၏ဂုဏ်သိက္ခာကို ပြန်လည်ရယူပေး လိုကြောင်း ပြောကြားခဲ့သည်။ ရော်နယ်လ်ဒို (၄၈ နှစ်)အနေဖြင့် လက်ရှိ CBF ဥက္ကဋ္ဌဖြစ်သူ အက်နယ်လ်ဒိုရိုဒရီဂတ်စ်၏နေရာ၌ အစားထိုးရန် ရွေးကောက်ခံကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မည်ဖြစ်သည်။
CBF ဥက္ကဋ္ဌ ရွေးကောက်ပွဲကို လာမည့်နှစ် မတ်လတွင် ပြုလုပ်မည်ဖြစ်ပြီး လက်ရှိဥက္ကဋ္ဌမှာ ၂၀၂၆ ခုနှစ် မတ်လတွင်မှ သက်တမ်းကုန်ဆုံးမည် ဖြစ်သောကြောင့် ဥက္ကဋ္ဌရာထူး မလွှဲပြောင်း မီ ၁၂ လအလိုကတည်းက ရွေးကောက်ပွဲပြု လုပ်ခြင်းဖြစ်ကြောင်း သိရသည်။
"ဘရာဇီးလ် ဘောလုံးက နေ့စဉ်ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘရာဇီးလ်ပြည်သူတွေအဖို့ လွတ်မြောက်ရာလမ်းကြောင်းအဖြစ် ဆယ်စုနှစ်များစွာ အမြဲရှိခဲ့ပါတယ်။ ဒါက ဘရာဇီးလ်ပြည်သူတွေရဲ့ တောက်လောက်မှုဖြစ်ပြီး ယနေ့မှာ လက်ရွေးစင်ဘောလုံးအသင်းရဲ့ထင်ပေါ်ကျော်ကြားမှုက ယုတ်လျော့လာနေတာကို ကျွန်တော်တို့ မြင်တွေ့ရပါတယ်။ ဥက္ကဋ္ဌရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရွေးခံဖို့ စေဆော်ခဲ့တဲ့ အကြောင်းအရာ ရာနဲ့ချီကြားမှာ ဒီဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့နဲ့ ယနေ့ရှိမနေတဲ့ လက်ရွေးစင်အသင်းမှာ အမြဲရှိခဲ့တဲ့ လေးစားခံရရေးတို့ပဲ ဖြစ်ပါတယ်" ဟု ရော်နယ်လ်ဒိုက ပြောကြားခဲ့သည်။
ဘရာဇီးလ်အသင်းသည် ကမ္ဘာ့ဖလားချန်ပီယံဆုကို စံချိန်တင် ငါးကြိမ် ရရှိခဲ့သော်လည်း ၂၀၀၂ ပြိုင်ပွဲနောက်ပိုင်းကတည်းက ချန်ပီယံဆုနှင့် ဝေးကွာနေခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
