အာဆင်နယ်အသင်းနည်းပြ အာတီတာက လန်ဒန်ဒါဘီနိုင်ပွဲမှာ အလှည့်အပြောင်းတစ်ခုဖြစ်စေပြီး အသင်း၏ ယုံကြည်မှုကို မြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ချယ်လ်ဆီးအသင်းအား အနိုင်ရသည့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။
အနောက်မြောက်လန်ဒန်ဒါဘီပြိုင်ဘက် အာဆင်နယ်နှင့် ချယ်လ်ဆီးအသင်းသည် Boxing Day ပွဲစဉ်အဖြစ် စနေနေ့က ယှဉ်ပြိုင်ကစားရာ ခုနစ်ပွဲဆက် နိုင်ပွဲပျောက်နေသည့် အာဆင်နယ်အသင်းက အိမ်ကွင်း၌ (၃-၁) ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူပြီး အောက်တိုဘာနောက်ပိုင်း ပထမဆုံး နိုင်ပွဲပြန်လည်ရရှိခဲ့သည်။ အာဆင်နယ်အသင်းအနေဖြင့် ယခုနိုင်ပွဲကြောင့် တန်းဆင်းဇုန်နှင့် ခြောက်မှတ်ပြန်လည်ကွာဟသွားပြီဖြစ်ရာ အာတီတာအတွက်လည်း ဖိအားအနည်းငယ် သက်သာခဲ့ရသည်။
"ဒါက ကျွန်တော်တို့အတွက် တကယ်ကြီးကျယ်တဲ့ နိုင်ပွဲပါ။ ရလဒ်ဆိုးတွေကြောင့် ကျွန်တော်တို့ တကယ်ပဲ စိတ်ပျက်ဝမ်းနည်းခဲ့ရပြီး ပရိသတ်တွေနဲ့ ကစားသမားတွေလည်း ထိခိုက်ခံစားခဲ့ရပါတယ်။ ဒီနေ့ကတော့ တကယ်ထူးခြားတဲ့နေ့ပါ။ Boxing Day မှာ လန်ဒန်ဒါဘီပွဲကို အီမရိတ်စ် မှာ ကစားခွင့်ရပြီး အနိုင်ရအောင် လုပ်နိုင်ခဲ့တာထက် ပိုကောင်းတာမရှိ ပါဘူး။ ဒါက အလှည့်အပြောင်းတစ်ခုဖြစ်ပြီးတော့ အသင်းရဲ့ယုံကြည်မှုကို မြှင့်တင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု အာတီတာက ပြောကြားခဲ့သည်။
အဝေးကွင်းသုံးပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့သည့် ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်ကမူ "ကျွန်တော် စိတ်ဆိုးပါတယ်။ ပထမပိုင်းမှာ ပွဲကိုချဉ်းကပ်တဲ့ ပုံစံအတွက် ကျွန်တော် အရမ်းစိတ်ပျက်မိပါတယ်။ ဒါက နည်းဗျူဟာကြောင့် မဟုတ်သလို စနစ်ကြောင့်လည်း မဟုတ်ပါဘူး။ ပြေးချင်တယ်ဆိုရင် အသင်းဖော်ကို နောက်မှာချန်ထားပြီး ပြေးသွားလို့ရပါတယ်။ ဒါမှမဟုတ် ခပ်ရွရွပဲ ပြေးချင်တယ်ဆိုရင်တော့ ငါပြေးစရာမလိုဘူးလို့ပဲ ပြောလိုက်ပါ။ အဲဒီအခါ ကျရင် သင့်တော်တဲ့တစ်ယောက်နဲ့ အစားထိုးဖို့ ဆုံးဖြတ်လိုက်မှာပါ" ဟု ဝေဖန်ပြစ်တင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
