အေစီမီလန်အသင်းသည် ၂၀၂၀ ပြည့်နှစ်အတွင်း ရလဒ်အကောင်းဆုံး စီးရီးအေကလပ်အဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
စီးရီးအေပြိုင်ပွဲမှာ ပြီးခဲ့သည့် အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့တို့တွင် ယှဉ်ပြိုင်ကစားပြီးနောက် (၁၀)ရက်ကြာ အနားပေးထားပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၃)ရက်မှသာ ပြန်လည်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သို့ဖြစ်ရာ ၂၀၂၀ ပြည့်နှစ် ပြက္ခဒိန်တစ်နှစ်အတွင်း စီးရီးအေပြိုင်ပွဲ၏ ရလဒ်အကောင်းဆုံးအသင်းများကို Football Italia သတင်းဌာနက စုစည်းဖော်ပြခဲ့ပြီး အေစီမီလန်အသင်းက နံပါတ်(၁) နေရာ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
အေစီမီလန်အသင်းသည် ယခုနှစ်အတွင်း စီးရီးအေပွဲစုစုပေါင်း (၃၅)ပွဲယှဉ်ပြိုင်ကစားရာ (၂)ပွဲသာရှုံးနိမ့်ပြီး (၂၃)ပွဲနိုင်၊ (၁၀)ပွဲသရေဖြင့် (၇၉) မှတ်အထိ ရယူနိုင်ခဲ့သည်။
အေစီမီလန်အသင်း၏နောက်တွင် အင်တာမီလန်အသင်းက (၃၅) ပွဲကစား (၇၃) မှတ်ဖြင့် ဒုတိယ၊ အတ္တလန်တာအသင်းက (၃၄) ပွဲကစား (၆၉) မှတ်၊ ၂၀၁၉- ၂၀၂၀ ရာသီချန်ပီယံ ဂျူဗင်တပ်စ်အသင်းက (၃၅)ပွဲကစား (၆၈) မှတ်၊ နာပိုလီအသင်းက (၃၅) ပွဲကစား (၆၃) မှတ်၊ လာဇီယိုအသင်းက (၃၆) ပွဲကစား (၆၃) မှတ်၊ ရိုးမားအသင်းက (၃၅) ပွဲကစား (၆၂) မှတ်ဖြင့် အစဉ်လိုက် ရပ်တည်ခဲ့သည်။
တစ်နှစ်အတွင်း ရမှတ်အနည်းဆုံးအသင်းမှာ ပြီးခဲ့သည့်ရာသီကုန်တွင် တန်းဆင်းခဲ့ရသည့် SPAL အသင်းဖြစ်ပြီး (၂၁) ပွဲကစား (၈)မှတ်သာ ရရှိခဲ့သည်။
အေစီမီလန်အသင်းသည် ယခုရာသီတွင် ပွဲစဉ် (၁၄) ပြီးဆုံးချိန်အထိ ရှုံးပွဲမရှိသေးဘဲ (၃၄) မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
