လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က အသင်းမှထွက်ခွာလိုသည့်ကစားသမားများကို ဆွဲထားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
အသက် (၂၈)နှစ်အရွယ်ရှိ လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာသည် စပိန်အားကစားသတင်းစာ AS နှင့်ပြုလုပ်သည့် အင်တာဗျူး၌ အနာဂတ်တွင် ရီးယဲလ်မက်ဒရစ် (သို့) ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့နိုင်သလားဟု မေးမြန်းမှုကို ငြင်းဆန်ခဲ့ခြင်း မရှိဘဲ အနာဂတ်ကို ကြိုမပြောနိုင်ကြောင်း ပြောကြားခဲ့သည်။
ထို့ကြောင့် ဆာလာသည် လီဗာပူးလ်အသင်းနှင့် ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသော်လည်း အနာဂတ်တွင် ရီးယဲလ်မက်ဒရစ် (သို့) ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့နိုင်သည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိနေသည်။
ကလော့ပ်က "လူတွေကို ဖိအားပေးပြီး ကိုယ် နေစေချင်တဲ့ နေရာမှာ နေခိုင်းလို့ မရပါဘူး။ ကျွန်တော်တို့ကတော့ အဲဒီလို ဘယ်တော့မှ မလုပ်ပါဘူး။ အားလုံးက အချိန်အခါအပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကစားသမားသစ်တွေ ခေါ်ယူတာရှိပါတယ်။ အဲဒီလိုပဲ အသင်းက ထွက်ခွာချင်တဲ့ ကစားသမားတွေကို ထွက်ခွင့်ပေးမှာပါ။ ကျွန်တော်တို့အနေနဲ့ သူတို့ကို ဆွဲထားမှာ မဟုတ်ပါဘူး"ဟု ပြောကြားခဲ့သည်။
ထို့ပြင် ကလော့ပ်က လက်ရှိအချိန်တွင် လီဗာပူးလ်အသင်းမှ ထွက်ခွာလိုသည့်ကစားသမားမှာ ရာသီဥတုကြောင့်သာ ဖြစ်လိမ့်မည်ဟုလည်း ပြောကြားခဲ့သည်။
"ကျွန်တော်တို့အာလုံးက တူညီတဲ့ ရည်မှန်းချက်တွေအတွက် အကောင်းဆုံးကြိုးစားနေကြတာပါ။ ကျွန်တော့်အတွက်တော့ အခုအချိန်မှာ လီဗာပူးလ်အသင်းက ထွက်ချင်တဲ့သူရဲ့ တစ်ခုတည်းသောအကြောင်းပြချက်က ရာသီဥတုကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ တခြား ဘာအကြောင်းပြချက်များ ရှိသေးလို့လဲ။ လီဗာပူးလ်က ကမ္ဘာပေါ်မှာ ကြီးကျယ်ခမ်းနားဆုံး အသင်းတွေထဲက တစ်သင်းအပါအဝင်ဖြစ်ပါတယ်။ ကျွန်တော်တို့က လစာငွေတွေလည်း ပေးချေနေတယ်။ ကမ္ဘာပေါ်မှာ အများဆုံးမဟုတ်တောင် အတော်လေးများတဲ့ ပမာဏပါ။ ကျွန်တော်တို့မှာ အလန်းစားဘောလုံးကွင်းနဲ့ အသင်းကို ရူးရူးမူးမူးအားပေးတဲ့ ပရိသတ်တွေလည်း ရှိတယ်။ ပြီးတော့ အသင်းရဲ့ အနီရောင်က အကောင်းဆုံးအရောင်တစ်ခုပါပဲ။ ဒီတော့ ဒီအသင်းက ဘာလို့ထွက်မှာလဲ"ဟု ၎င်းက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
