Top News

ချယ်လ်ဆီးအသင်း ၄၈ နာရီအတွင်း နှစ်ပွဲကစားရပြီး မန်ယူ၊ လီဗာပူးလ်နှင့် စပါးအသင်းတို့ အနားယူချိန်ပိုရသဖြင့် ရုပ်သံကုမ္ပဏီများကို လမ်းပတ် ဝေဖန်
24htopnews | December 18, 2024 6:12 AM CST

ချယ်လ်ဆီးအသင်းသည် Boxing Day ပွဲစဉ်အဖြစ် စနေနေ့ မြန်မာစံတော်ချိန် ည ၁၂ နာရီ (ဗြိတိန်စံတော်ချိန် ညနေ ၅ နာရီခွဲ) တွင် အာဆင်နယ်အသင်းနှင့် အဝေးကွင်း ကစားခဲ့ရပြီး ၄၈ နာရီအကြာ တနင်္လာနေ့ မြန်မာစံတော်ချိန် ည ၁၂ နာရီတွင် ဗီလာ အသင်းနှင့် အိမ်ကွင်းပွဲ ထပ်မံကစားရမည်ဖြစ်သည်။ 

ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်သည် ၎င်း၏အသင်းမှာ ၄၈ နာရီအတွင်း ပွဲစဉ်နှစ်ပွဲ ကစားရသော်လည်း မန်ယူ၊ လီဗာပူးလ်နှင့် စပါးအသင်းတို့ အနားယူချိန်ပိုရခြင်းအတွက် ရုပ်သံကုမ္ပဏီများအား ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် Boxing Day ပွဲစဉ်အဖြစ် စနေနေ့ မြန်မာစံတော်ချိန် ည ၁၂ နာရီ (ဗြိတိန်စံတော်ချိန် ညနေ ၅ နာရီခွဲ) တွင် အာဆင်နယ်အသင်းနှင့် အဝေးကွင်း ကစားခဲ့ရပြီး ၄၈ နာရီအကြာ တနင်္လာနေ့ မြန်မာစံတော်ချိန် ည ၁၂ နာရီတွင် ဗီလာ အသင်းနှင့် အိမ်ကွင်းပွဲ ထပ်မံကစားရမည်ဖြစ်သည်။ 

သို့သော် Boxing Day တွင် အစောဆုံးပွဲအဖြစ် မြန်မာစံတော်ချိန် ည ၇ နာရီတွင် ယှဉ်ပြိုင်ကစားခဲ့သည့် မန်ယူအသင်းမှာ ဒီဇင်ဘာ ၃၀ ရက် မြန်မာစံတော်ချိန် နံနက် ၂ နာရီခွဲမှသာ ပြန်လည်ကစားရမည်ဖြစ်သလို ဒီဇင်ဘာ ၂၇ ရက် (တနင်္ဂနွေနေ့) တွင် ယှဉ်ပြိုင်ကစားခဲ့သည့် လီဗာပူးလ်နှင့် စပါးအသင်းမှာလည်း အနားယူချိန်နှစ်ရက်ရရှိပြီး ဒီဇင်ဘာ ၃၀ ရက် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၃၁ ရက် နံနက်အစောပိုင်း) မှ ပြန်လည်ကစားရမည်ဖြစ်သောကြောင့် လမ်းပတ်က ဝေဖန်ပြစ်တင်ခဲ့ခြင်းဖြစ်သည်။

"၄၈ နာရီ၊ နှစ်ရက်အတွင်း နှစ်ပွဲကစားရမှာပါ။ ကျွန်တော်က ဆင်ခြေပေးဖို့ကြိုးစားနေတာ မဟုတ်ပါဘူး။ ဒါက ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇယားထိပ်ပိုင်းနေရာစိန်ခေါ်နေတဲ့ တခြားအသင်းတွေက သုံးရက်အတွင်း နှစ်ပွဲ ကစားရမှာဖြစ်လို့ပါ။ အဲဒါတွေ ဘာကြောင့် ဖြစ်တာလဲဆိုတာ ကျွန်တော်ကောင်းကောင်း သိပါတယ်။ အခုဆိုရင် သူတို့က ပွဲတွေအားလုံးကို ရုပ်သံကပြနေပါပြီ။ ကျွန်တော်တို့က Boxing Day မှာ အာဆင်နယ်နဲ့ကစားခဲ့ရပြီး မန်စီးတီးနဲ့ပွဲကို တနင်္ဂနွေနေ့ (ဇန်နဝါရီ ၃ ရက်) ပြန်ကစားရမှာပါ။ အက်စတွန်ဗီလာကလည်း တစ်ရက်ပိုနားချင်ပြီး အင်္ဂါနေ့မှကစားချင်ပေမဲ့ ပွဲစဉ်ဇယားအရ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် အခုလိုဖြစ်သွားတာပါ။ တစ်ခါတလေ ပရီးမီးယားလိဂ်နဲ့ ရုပ်သံထုတ်လွှင့်သူတွေကို အပြစ်တင်ကြတယ်ဆိုတာ ကျွန်တော်သိပါတယ်။ သူတို့ရဲ့ချိတ်ဆက်မှု၊  အပြန်အလှန်ရှိမှုတွေကိုလည်း ကျွန်တော်သိပါတယ်။ ကျွန်တော်တို့က ၄၈ နာရီအတွင်း နှစ်ပွဲကစားရပြီး ဇယားထိပ်ပိုင်းနေရာစိန်ခေါ်နေတဲ့ တခြားအသင်းတွေက သုံးရက်အတွင်း နှစ်ပွဲကစားရတဲ့ ဆုံးဖြတ်ချက်ကတော့ မျှတမှု ရှိတယ်လို့ မထင်ပါဘူး။ ဒါက မှားနေတယ်လို့ ထင်တယ်။ ထိပ်တန်းအဆင့်မှာ ကစားနေတဲ့ ကစားသမားတွေအတွက်လည်း အကောင်းဆုံးဖြစ်စေမယ့် ဆုံးဖြတ်ချက် မဟုတ်ပါဘူး" ဟု လမ်းပတ်က ပြောကြားခဲ့သည်။


READ NEXT
Cancel OK